ဂျောင်ဒါအွန်း (Son Ye Jin) ဟာ ဖခင်ဖြစ်သူ ဂျောင်ဆွန်းမန်(Kim Gab Soo) နဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပါတယ်။ ဂျောင်းဆွန်းမန်ဟာ သမီးကို သည်းသည်းလှုပ်ချစ်တဲ့ အဖေတစ်ယောက်ဖြစ်ပြီး သမီးအတွက် အရာရာကို ပေးဆပ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဒီလို အေးချမ်းနေတဲ့ သူတို့ ဘဝလေးမှာ တစ်နေ့မှာတော့ အလှည့်အပြောင်းတွေ ဖြစ်လာခဲ့ပါတယ်။ ဒါအွန်းက သူ့အဖေကို ကြောက်ရွံ့ဖွယ် ပြန်ပေးဆွဲမှုတစ်ခုရဲ့ တရားခံအဖြစ် သံသယရှိလာခဲ့တယ်။ အဖေဖြစ်သူက ကျူးလွန်သူမဟုတ်လောက်ဘူးလို့ ယုံကြည်နေရင်းနဲ့ပဲ တစ်ဖက်မှာလည်း သက်သေကို ရှာနေခဲ့မိပါတယ်။ ဒီလိုနဲ့ ဒါအွန်းက သူ့အဖေရဲ့ တကယ့်ပုံစံအစစ်အမှန်ကို ရှာတွေ့သွားမလား… အမှန်တရားကို ရှာဖွေရင်း သံသယတွေကို အတည်ပြုနိုင်သွားခဲ့ရင်ရော ဘယ်လိုဆက်လုပ်မလဲ…ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ် အဖြေရှာကြည့်လိုက်ပါနော်