Xia Yulai HD

Xia Yulai

Comedy Drama HD 2025-08-16 4 0 Min

ချင်းခေတ်နှောင်းပိုင်း အင်္ဂလိပ်တွေတရုတ်နိုင်ငံမှာဘိန်းစစ်ဆင်ရေးစခဲ့တဲ့ကာလကိုအခြေခံပြီးရိုက်ထားတဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်ချင်းခေတ်နှောင်းပိုင်းချောင်ရှန်းနယ်မှာ ထိပ်တန်းဥပဒေပညာရှင် ရှယွီလိုင်ဟာ သူ့ဘဝတစ်လျှောက်လုံး အမှန်တရားအတွက်တိုက်ပွဲဝင်ခဲ့ပါတယ်ဒါပေမယ့် သူကဉာဏ်များတာကြောင့် ရှမြေခွေးလို့လဲသူ့ကိုရွာသားတွေကခေါ်ကြပါတယ်။ ရှယွီလိုင်ရဲ့ သမီးလေးရှလိုင်ပိကလဲဥပဒေပညာရှင်တစ်ယောက်ဖြစ်ဖို့ရည်မှန်းချက်ရှိပြီး အဖေ့ရဲ့ထူးခြားတဲ့နည်းလမ်းတွေကြောင့် အမြဲအမြင်မတူ ရန်ဖြစ်ကြရပါတယ်အဲဒီအချိန်မှာ နိုင်ငံခြားအရင်းရှင်တွေက ချောင်ရှန်းနယ်ကိုဝင်လာပြီး စီးပွားရေးကိုလက်ဝါးကြီးအုပ်လာပါတယ် ရယ်စရာကောင်းတဲ့အရပ်ဖက်မှုခင်းတွေနဲ့ စီးပွားရေးတိုက်ပွဲတွေဖြစ်လာပြီးနောက်မှာ ရှသားအဖနှစ်ယောက်ဟာနိုင်ငံခြားသားတွေရဲ့ ကြောက်စရာကောင်းတဲ့အကြံအစည်ကိုသိလာခဲ့ရပါတယ်အဲဒီအချိန်မှာပဲ သမီးဖြစ်သူကလူသတ်မှုနဲ့စွပ်စွဲခံရတဲ့အတွက် အဖေဖြစ်သူက တရားခွင်ပေါ်တက်ပြီး သူ့ရဲ့ထက်မြက်တဲ့စကားလုံးတွေနဲ့ ယုတ်မာတဲ့ကုန်သည်တွေနဲ့ အကျင့်ပျက်နေတဲ့အရာရှိကိုရင်ဆိုင်ရပါတယ်နောက်ဆုံးမှာ သားအဖနှစ်ယောက်စိတ်တူကိုယ်တူပူးပေါင်းပြီး ချောင်ရှန်းနယ်သားတွေကိုစုစည်းပြီး နိုင်ငံခြားသားရန်ကိုအတူတော်လှန်ခဲ့တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်