ဇာတ်အိမ်လေးကတော့ လန်ဒန် ကကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ တော်မီ ဟာအသက်အရွယ်ရလာတာနဲ့အမျှ လက်ရည်လေးလည်းတဖြေးဖြေးကျလာတာပေါ့ဒါပေမယ့်သူ့ကိုယ်သူလက်မခံနိုင်ဘဲ သူ့ဘဝရဲ့အလှည့်အပြောင်းဖြစ်မယ့်မစ်ရှင်တစ်ခုကိုလက်ခံမိရာကနေ မစ်ရှင်ကိုတလွဲလုပ်မိလိုက်ပါတော့တယ်အဲဒီမှာပဲ လန်ဒန် မှာဆက်နေလို့မရတော့ဘဲ L.A ကိုထွက်ပြေးခဲ့ပြီးအလုပ်ရှင်အသစ်နဲ့လက်တွဲလုပ်ပြီး ဘဝကိုဇာတ်မြှုပ်ပြီးနေထိုင်ခဲ့တယ် ကံဆိုးချင်တော့ သူ့အလုပ်ရှင်အသစ်ရဲ့ ကြောင်တောင်တောင်ကလေးဖြစ်သူကိုကျားကျားယားယားဖြစ်အောင်လို့ လေ့ကျင့်ပေးရဖို့ဖြစ်လာရာကနေ ဘယ်လိုတလွဲတွေဖြစ်ကြဦးမလဲ ဘယ်လိုအခွီဇယားတွေကြုံရဦးမလဲဆိုတာကိုတော့.....