Fire Down Below HD

Fire Down Below

Action Thriller HD 1997-09-05 5.747 104 Min

ဇာတ်လမ်းလေးရဲ့အစမှာ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူဟာ အမှုကိုတစ်ခုကို လိုက်ရင်း သေဆုံးသွားခဲ့ပါတယ်။ ယာဉ်မတော်တဆမှုပုံစံမျိုး ဖြစ်နေပေမယ့် ဒါဟာ မဟုတ်မှန်း ဆရာသမား ဂျက်က ကောင်းကောင်းကြီး သိပါတယ်။ ဒါကြောင့် ဒီအမှုကို ရေဆုံးမြေဆုံး လိုက်ဖိုအတွက် သွေးအေးအေးနဲ့ နယ်မြိုလေးဆီ ထွက်လာခဲ့ပါပြီ။နယ်မြိုလေးမှာ ထုံးစံအတိုင်း သူဌေးတစ်ယောက်က ကြီးစိုးနေပြီး နယ်မြေအတွက် လိုအပ်သမျှ ထောက်ပံ့ထားပါတယ်။ ဒါပေမဲ့ တရားမဝင် အဆိပ်သင့်စွန့်ပစ်အမှိက်တွေကြောင့် ပတ်ဝန်းကျင်ဟာ ထိခိုက်လာပြီး ငါးတွေကလည်း သေကုန်သလို ကလေးတွေလည်း ရောဂါ ရလာပါတယ်။ဒီအတိုင်းသာဆိုရင် သောက်သုံးရေ ပြဿနာ ဖြစ်လာနိုင်တာကြောင့် ဒီကိစ္စကို ဖြေရှင်းဖို ဂျက်တစ်ယောက် ရေဆုံးမြေဆုံး လိုက်ရပါတယ်။ စစချင်း သူဌေးသားနဲ့သာ ညိပေမယ့် ဂျက်ရဲ့အစွမ်းကြောင့် ဂိုဏ်းချုပ်အထိ ဒုက္ခလှလှ ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ သူဌေးကလည်း ခေသူမဟုတ်တာကြောင့် သူဌေးနဲ့ ဂျက်တိုအကြား တိုက်ပွဲကို အက်ရှင်ဇာတ်ဝင်ခန်းအလန်းတွေလည်း ထူးရှယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။