ဂန်ဆောင်းဂျင်(Son Hyun-joo)ဟာ ဖြောင့်မတ်တဲ့ရဲအရာရှိ စုံထောက်တစ်ဦးဖြစ်ပြီး သူ့မှာ ဆွံ့အနေတဲ့ဇနီးဖြစ်သူနဲ့ ခြေထောက်မသန်တဲ့သားလေးတစ်ယောက်ရှိပါတယ် ။ရဲဝန်ထမ်းလစာတစ်ခုတည်းနဲ့ မိသားစုစားဝတ်နေရေးကို လောက်ငအောင်ရုန်းကန်နေရပြီး တစ်ချိန်ချိန်မှာ သူ့မိသားစုအတွက် ကိုယ်ပိုင်အိမ်လေးပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတာပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဆောင်းဂျင်ဟာ NSA အမျိုးသားလုံခြုံရေးဌာနမှူး ချွဲဂယူနမ်(Jang Hyuk)အကွက်ချကြံစည်ထားတဲ့ ကွင်းဆက်လူသတ်မှုရဲ့ သံသယတရားခံဂင်ထယ်ဆောင်းကို မတော်တဆ ဖမ်းဆီးမိခဲ့ပေမဲ့ အမှန်တော့ ဂင်ထယ်ဆောင်းဟာ ကွင်းဆက်လူသတ်မှုရဲ့ တကယ့်တရားခံအစစ်တော့ မဟုတ်ခဲ့ပါဘူး . . . ဆောင်းဂျင်ဟာ အမှန်တရားကိုသိပေမဲ့လည်း သားဖြစ်သူခြေထောက်ခွဲစိတ်နိုင်ဖို့ ဌာနမှူးချွဲဂယူနမ်ထံမှ ငွေကြေးအကူအညီယူခဲ့တဲ့အတွက်ကြောင့် မသိသလိုပဲနေခဲ့ပါတယ် ။ အဲဒီနောက်ပိုင်းမှာ ချွဲဂယူနမ်ဟာ သွေးအေးပြီး ရက်စက်တတ်သူဖြစ်တာကြောင့် ဆောင်းဂျင်ရဲ့အားနည်းချက်ကို အသုံးချပြီး လိုရာစေခိုင်းပါတော့တယ် .. ဆောင်းဂျင်ဟာ အကျင့်ပျက်ခြစားနေတဲ့ အထက်အရာရှိတွေရဲ့ စေခိုင်းမှုကို ဆက်ပြီးနာခံနိုင်ဦးမှာလား . . . သူ့မိသားစု အေးချမ်းလုံခြုံဖို့နဲ့ အမှန်အတရား . . နှစ်ခုထဲမှာ ဘယ်ဟာကိုရွေးချယ်သွားမလဲ . . . အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကြားထဲမှာ သာမန်လူတစ်ယောက်ဟာ အမှန်တရားအတွက် ဘယ်လိုရင်ဆိုင်သွားမလဲ . . . ဆိုတာကို ဒီ Ordinary Person ဆိုတဲ့ဇာတ်ကားထဲမှာ ဆက်လက်ခံစားကြည့်ရှုပေးပါဦးနော် ..