Nouvelle Vague HD

Nouvelle Vague

Comedy Drama History HD 2025-10-08 7.652 106 Min

Nouvelle Vague (နူဗယ်ဗော့ဂ်)ဆိုတာ ပြင်သစ်ရုပ်ရှင်လောကမှာ ၁၉၅၀ပြည့်နှစ်တွေအတွင်း ပေါ်ပေါက်လာခဲ့တဲ့ ခေတ်စမ်းရုပ်ရှင်ရေစီးကြောင်းတစ်ခု ဖြစ်ပါတယ်။ လူကြိုက်များတဲ့ သမာရိုးကျ ရုပ်ရှင်အမျိုးအစားတွေ ရိုက်ကူးနည်းတွေကနေခွဲထွက်လာတဲ့ Art house (အနုပညာရသမြောက်)ဆန်တဲ့ရုပ်ရှင်တွေပေါ့။ အဲဒီအရွေ့ကို စတင်ခဲ့သူတွေက Cahiers du cinema ရုပ်ရှင်မဂ္ဂဇင်းရဲ့ ရုပ်ရှင်ဝါသနာအိုး ဝေဖန်ရေးဆရာတစ်သိုက်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဦးဆောင်သူဒါရိုက်တာတွေထဲကတစ်ဦးဖြစ်သူ ယန်းလုခ်ဂိုဒါ့ (Guillaume Marbeck)ရဲ့ Breathless ရုပ်ရှင်ရိုက်ကူးခဲ့ပုံအကြောင်းကို တင်ဆက်ထားတာပါ။ တစ်ကားလုံးကို အဖြူအမဲရောင်ပဲ သုံးထားပြီး ခေတ်ဟောင်းရုပ်ရှင်တွေရဲ့ 4:3 aspect ratioကို သုံးထားတာမလို့ ခေတ်တစ်ခုရဲ့ အရသာကို ဇာတ်လမ်းမှာသာမက အမြင်နဲ့ပါခံစားနိုင်မှာပါ။ ရိုက်ကူးထားတဲ့ ဒါရိုက်တာကလည်း Boyhood နဲ့ Before ၃ကားတွဲရဲ့ဖန်တီးရှင် Richard Linklater ဆိုတော့ အထူးပြောစရာလိုမယ်မထင်တော့ပါဘူး။ Comedy-dramaအမျိုးအစားမလို့ ခပ်သွက်သွက်နဲ့ ခေတ်တစ်ခုအကြောင်းပြန်ပြောင်းရှုစားနိုင်မှာပါ။