I Walk the Line HD

I Walk the Line

Drama HD 1970-11-18 5.7 97 Min

ဒီကားက ဒီတိုင်း အစွန်အဖျားမြို့လေးတစ်မြို့မှာ အရက်ပုန်းချက်တဲ့ မိသားစုတစ်စုနဲ့ အဲဒီမိသားစုက ကလေးမလေးကို စွဲလမ်းမိသွားတဲ့ ရဲအရာရှိတစ်ယောက်ရဲ့ ဇာတ်လမ်းသက်သက်ပဲ။ ဒရာမာကိုမှ မှုခင်းပါးပါးစွတ်ထားမျိုး။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တကယ့်ထူးခြားချက်က တစ်ကားလုံး Johnny Cashသီချင်းတွေ သုံးထားတာပဲ။ နာမည်ကိုက ဂျွန်နီကတ်ရှ်သီချင်းနာမည်  I Walk the Line ကို ပေးထားတယ်။ ဂျွန်နီကတ်ရှ်ဖန်တွေတော့ တစ်ကားလုံး သူ့သီချင်းတွေအပြည့်နားထောင်ရမယ့်ကားပဲ။ ရယ်ရတာက ဒီရုပ်ရှင်က ဖောက်ပြန်တဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ဂျွန်နီကတ်ရှ်ရဲ့  I Walk the Lineသီချင်းရဲ့ နောက်ခံဇာတ်လမ်းကလည်း ဖောက်ပြန်တဲ့ ဇာတ်လမ်းပဲဆိုတော့ ရွဲ့ပြီးထည့်ထားသလားတောင် ထင်ရတာပါပဲ။ သီချင်းတွေရော သရုပ်ဆောင်တွေရော သိပ်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။