Thieves Highway HD

Thieves Highway

Action Crime Thriller HD 2025-11-07 7.5 83 Min

အမေရိကရဲ့ ဥပဒေစိုးမိုးမှုမရှိတဲ့နယ်စပ်နယ်မြေတစ်ခုမှာ တာဝန်ထမ်းဆောင်နေရတဲ့ မွေးမြူရေးဌာနက အရာရှိ ဖရန့်ခ်နဲ့ စတုန်းကမ့်ပ် တို့ဟာ တိရိစ္ဆာန်ခိုးမှုတွေနဲ့ကြုံတွေ့နေရပါတယ်။ စတုန်းကမ့်ပ် ဟာ သူ့မိန်းမကိုယ်ဝန်၄ယောက်မြောက်ရှိပြီမလို့ စားဝတ်နေရေးအတွက်မြို့ကိုပြောင်းရတော့မှာမလို့ သူဝါသနာပါတဲ့အလုပ်ကနေထွက်စာတင်ဖို့ သူ့သူငယ်ချင်း ဖရန့်ခ်ကိုအသိပေးပြီးစားသောက်ဆိုင်တစ်ခုမှာနှုတ်ဆက်နေခဲ့ပါတယ်။ အပြန်လမ်းမှာ တရားမဝင်နွားမှောင်ခိုတင်လာတဲ့ ကား၃စီးကိုတွေ့လိုက်ရတဲ့အခါ တာဝန်ရဲ့နောက်ဆုံးညအနေနဲ့ လိုက်စုံစမ်းရင်း မှောင်ခိုသမားတွေရဲ့ နွားအတင်အချလုပ်နေတဲ့နေရာထိရောက်သွားပါတော့တယ်။ နယ်ဖက်ဖြစ်တာမလို့ လိုင်းကလည်းမမိတာနဲ့ နှစ်ယောက်တည်းပဲ ဝင်စီးဖို့လုပ်လိုက်ရာကနေမထင်မှတ်ထားဘဲ စတုန်းကမ့်ပ်က အပစ်ခံရလိုက်ရပြီး ဖရန့်ခ်လဲထွက်ပြေးလာရပါတော့တယ်။ အိမ်မှာဇနီးသည်နဲ့ ကလေး၄ယောက်ရဲ့ဖခင်ဖြစ်သူ သူငယ်ချင်းစတုန်းကမ့်ပ်သေသွားတာကြောင့်ဖရန့်ခ်လဲ ယူကြုံးမရဖြစ်ပြီး ဘယ်လိုတွေတောင်ပွဲလိုက်ကြမ်းမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။