Northwest HD

Northwest

Action Crime Drama HD 2013-04-17 6.404 100 Min

ဒိန်းမတ်နိုင်ငံ ကိုပေဟေကင်မြို့ရဲ့  ဆင်းရဲပြီး လူမျိုးပေါင်းစုံနေထိုင်တဲ့ Nordvest ဆိုတဲ့ ရပ်ကွက်မှာ အသက်၁၈နှစ်အရွယ် ကတ်စ်ပါနဲ့ သူ့ရဲ့မိခင်၊ ညီ၊ ညီမလေးတို့ နေထိုင်ကြပါတယ်။ ကတ်စ်ပါဟာ ရပ်ကွက်ထဲက ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ဂျမားအတွက် ခိုးရာပါပစ္စည်းတွေ ရောင်းချပြီး မိသားစုကို ထောက်ပံ့နေတဲ့သူ‌ပေါ့။ တစ်နေ့ကျ ဂျမားရဲ့ ပြိုင်ဘက် ဘွန်းက သူ့ဆီမှာ အလုပ်လုပ်ပေးရင်ပိုက်ဆံပိုပေးမယ်ဆိုတာကြောင့် ကတ်စ်ပါက ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့အခါမှာ‌တော့ သူလုပ်ကိုင်နေကျရိုးရိုးခုယူမှု မဟုတ်ဘဲ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာလောကထဲကို ရောက်သွားပါတော့တယ်။ ဒီအဖြစ်အပျက်ကြောင့်ပဲ ဘွန်းနဲ့ ဂျမားတို့ကြားက ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး ကတ်စ်ပါဟာ သူ့ရဲ့ညီငယ်လေးကိုပါ ဒီအန္တရာယ်လောကထဲကို ဆွဲသွင်းသလို ဖြစ်သွားတဲ့အခါမှာ‌တော့...အန္တရာယ်တွင်းထဲရောက်နေတဲ့ ကတ်စ်ပါတစ်ယောက် သူနဲ့ သူ့မိသားစုကို ဒီအန္တရာယ်တွင်းထဲကနေ ဘယ်လိုကာကွယ်မလဲ... ရွေးချယ်မှုတွေ မှားယွင်းခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက် ဘယ်လိုပေးဆပ်ရမလဲ...ဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးဗျာ။