Friendly Fire HD

Friendly Fire

Drama Adventure HD 2024-10-23 6 105 Min

"Project: Xandata" ဆိုတဲ့ သေနတ်ပစ်ဂိမ်းကို ကစားကြတဲ့ professional esports team တစ်ခုဖြစ်တဲ့ Team Isla မှာ သူတိုရဲ့ ကစားသမားတစ်ယောက်က အဖွဲ့ထဲကထွက်ပြီး ပြိုင်ဘက် ကိုရီးယားအသင်းကို ဝင်သွားခဲ့တယ်။အဲဒါနဲ့ Team Isla ရဲ့ မ​န်နေဂျာဖြစ်တဲ့ Sonya က ထွက်သွားတဲ့ player ကို အစားထိုးဖို့ လူတွေကို လိုက်ရှာရင်း Team Isla အဖွဲ့သားနှစ်ယောက်ကို အပျော်တမ်းဂိမ်းမှာနိုင်သွားတဲ့ player တစ်ယောက်ပေါ်လာခဲ့တယ်။အဲဒီ အွန်လိုင်းပေါ်က player က အင်တာနက်ကဖေးဆိုင်မှာ အလုပ်လုပ်နေတဲ့ ဆင်းရဲသားမိန်းကလေး Hazel Sales ဖြစ်ပြီး Sonya က Hazel ရဲ့ အရည်အချင်းကိုသဘောကျပြီး Team Isla အဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းခဲ့တယ်။ဒီလိုနဲ့ Hazel တစ်ယောက် သူ့အတွက်အသစ်အဆန်းဖြစ်တဲ့ esports လောကထဲကို ဝင်လာပြီး professional gamer တစ်ယောက်အဖြစ်နဲ့ ဘယ်လိုစိန်ခေါ်မှုတွေကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။