ကျိန်စာတိုက်တယ် ပြုစားတယ်ဆိုတဲ့စကားက မြန်မာ့အသိုင်းအဝိုင်းမှာ နားလည်ရခက်တဲ့ စကားမျိုးမဟုတ်ပါဘူး အမေရိကန် supernatural horror ရုပ်ရှင်ရိုက်ကူးရေးကနေ ဒါရိုက်တာ Sam Raimi ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်က ဇနီးမောင်နှံဆီက ဂျစ်ပစီငွေ လည်ဆွဲပျောက်ဆုံးပြီးထဲကမကောင်းဆိုးဝါးအသံတွေကိုကြားခဲ့ရတယ် ဒီအသံတွေက ဒီမှာတင်ရပ်သွားလားဆိုတော့ဘယ်ရပ်လိမ့်မလဲ ကလေးကိုမြေအောက်ငရဲထိဆွဲခေါ်သွားခဲ့ရာကနေ...သမိုင်းစခဲ့တယ်အခုလက်ရှိခေတ်မှာတော့ လော့အိန်ဂျလိစ့် က ဘဏ်တခုမှာအစပျိုးပြန်လည်အသက်၀င်လာခဲ့ပါတယ် ကျိန်စာတခု ရဲ့နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ....ညတယောက်ထဲမကြည့်သင့်တဲ့ကားမျိုးဖြစ်ပြီးတော့ ညကြည့်မယ်ဆိုရင်တော့၃-၄ယောက်လောက်စုကြည့်ရမယ့်ကားကောင်းတကားဖြစ်တယ်လိုပဲညွှန်းပါရစေ