Mr. Zoo Keeper HD

Mr. Zoo Keeper

Comedy Drama HD 2025-08-01 8.3 0 Min

အခုတစ်ခါမှာတော့ "Cook with Comali" ချက်ပြုတ်ပြိုင်ပွဲအစီအစဉ်ကနေ နာမည်ကြီးလာခဲ့တဲ့ဟာသသရုပ်ဆောင် ပူဂါ့ချ်မင်းသား ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ထားတဲ့ တမီးလ်ဘာသာရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ် ။မင်းသား ချင်နာသမ်ဘီနဲ့ သူ့ဇနီးဒီပီကာတို့ ပျော်ရွှင်စွာလက်ထပ်ထားပြီး သားတစ်ယောက်နဲ့ဘဝကိုဖြတ်သန်းနေစဉ် မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ် ။ တစ်နေ့ သားဖြစ်သူကျူရှင်ကအပြန်မှာ  တောထဲက ကျားပေါက်လေးကိုကြောင်အထင်နဲ့အတင်းခေါ်ယူမွေးစားဖို့ အဖေဖြစ်သူကို တိုက်တွန်းပါတော့တယ်။  တိရစ္ဆာန်တွေကို မချစ်တတ်တဲ့ဇနီးဖြစ်သူ မသိအောင် လျှို့ဝှက်ထားပြီး ကျားလေးကို အိမ်မှာမွေထားခဲ့ပါတယ်။  ဒီပီကာကလည်း သူ့အိမ်ထောင်ဖက်ရဲ့လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်းသံသယဝင်လာပြီး နှစ်ဦးကြားမှာ နားလည်မှုလွဲမှုတွေဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း တောအုပ်ထိန်းသိမ်းရေးဌာနက အရာရှိတွေကကျားပေါက်လေးပျောက်လို့ အသည်းအသန်လိုက်ရှာနေပါတယ်။ သူတို့ရဲ့စုံစမ်းမှုတွေက ချင်နာသမ်ဘီတို့အိမ်နားရောက်လာတဲ့အခါ ဇာတ်လမ်းရဲ့စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးကိုရောက်လာပါတော့တယ် ။တောအုပ်ထဲက ကျားကလေးကို တရားမဝင်ခိုးယူပြီးမွေးထားတာ တောအုပ်အရာရှိတွေသိသွားမလား။ ချင်နာသမ်ဘီရဲ့မိန်းမရော သူ့ရဲ့လျှို့ဝှက်ချက်ကိုသိပြီး ခွင့်လွှတ်ပေးနိုင်ပါ့မလားဆိုတာ ဒီဇာတ်လမ်းမှာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားပေးကြပါဦး။