အသစ်ထွက်ရှိလာတဲ့ တမီလ်စကားပြော အိန္ဒိယသည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဆေးဝါးဖြန့်ချိရေးတစ်ခုမှာ ပါဆယ်လိုက်ပို့ပေးတဲ့အလုပ် လုပ်နေရတဲ့ မာနီ။တနေ့တော့ သူဌေးဖြစ်သူ အရေးတကြီးပို့ခိုင်းလိုက်တဲ့ ပါဆယ်ကိုမပို့ခင်ကိုယ်ဝန်ရှိနေတဲ့ ချစ်သူကို ဆေးခန်းသွားပြခဲ့ပါတယ်။ဆေးခန်းကအထွက် သူမောင်းလာတဲ့ အလုပ်ကကား အခိုးခံလိုက်ရတယ်။သူဌေးအရေးတကြီးပို့ခိုင်းထားတဲ့ ပါဆယ်ထုပ်ပါ ခိုးခံရတဲ့ကားနဲ့အတူပါသွားခဲ့ပါရော။ပါဆယ်ထုပ်မှာက ဆေးပစ္စည်းတွေမဟုတ်ဘဲ သူ့သူဌေး မှောင်ခိုလုပ်နေတဲ့ ကိုကင်းတွေပါတာမို့ပြဿနာအကြီးအကျယ်တက်ပါတော့တယ်။ဒီမှာပဲ ကိုကင်းကိုပြန်ရှာဖို့ သူဌေးဖြစ်သူက မာနီ့ချစ်သူကို ပြန်ပေးဆွဲထားပြီး မာနီကိုခြိမ်းခြောက်လာတဲ့အခါမှာတော့...။