Nishaanchi HD

Nishaanchi

Crime Drama HD 2025-09-19 8.3 176 Min

ဘောလိ၀ုဒ်မင်းသားသစ်အနေနဲ့ ပွဲဦးထွက်လာတဲ့ အိုက်ရှ်ဗာရီသက်ကီရေး နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ရုပ်ရှင်။ ဘာဘလူးနဲ့ ဒက်ဘလူးဆိုတဲ့ အမွှာညီကိုတွေအဖြစ် သရုပ်ဆောင်ထားတာမှာ ပရိသတ်နဲ့ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးအား‌ပေးမှု ခံခဲ့ရပါတယ်။အဖေ့ခြေရာနင်းပြီး ထောင်ထဲကို ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ အစ်ကိုကြီးဖြစ်သူ ဘာဘလူး။ တစ်နေ့ ညီတော်မောင် ဒက်ဘလူး၊ ချစ်သူ ရင်ကူးတိုနဲ့အတူ ဘဏ်တစ်ခုကို ဓားပြတိုက်ဖိုကြံကြပါလေရော။ ကံမကောင်းအကြောင်းမလှတော့ ရင်ကူးနဲ့ ဒက်ဘလူးထွက်ပြေးနိုင်ခဲ့ပြီး ဘာဘလူးတစ်ယောက်ထောင်နန်းစံလိုက်ရပါတယ်။ ကြံရာပါတွေကို ဖော်ထုတ်ရင် ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်လို ညှိပေမဲ့ ဘာဘလူးကတွင်တွင်ငြင်းလေတော့ ထောင်ခုနစ်နှစ်ကျပါတယ်။ဒီမှာပဲ ချစ်သူနဲ့ မုဆိုးမအမေကြီးကို စောင့်ရှောက်ဖို ဒက်ဘလူးကိုမှာခဲ့ပြီး ထောင်ကလွတ်လာချိန်မှာမထင်မှတ်တဲ့ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာတော့...။