သူလာလာ မလာလာ ကိုယ်ကစောင့်ရမှာဆိုသလိုပဲ... ဒေသခံမိုတယ်လေးတစ်ခုမှာ ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးကို ပုံဖော်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းမှာတော့ မိုတယ်ပိုင်ရှင်တစ်ယောက်က သူ့မိုတယ်မှာ ကြုံတွေ့ထားတဲ့ အကြောင်းအရာလေးတွေနဲ့ ဧည့်သည်တော်တို့ရဲ့ ဘဝအချိုးအကွေ့တွေကို ပြောထားတာပေါ့..ပထမဇာတ်လမ်းမှာတော့ ...ထူးခြားတဲ့ ဧည့်သည်... ဘယ်လိုထူးခြားလဲဆိုရင် အခုပဲ လူကြီးဆန်လိုက် အခုပဲ မျက်နှာချိုသွေးလိုက် အခုပဲ ရန်ထောင်လိုက် အပြောင်းအလဲများလွန်းသူပေါ့...ဒုတိယဇာတ်လမ်းမှာတော့...အတူရေကန်ထဲ ခုန်ချသတ်သေမယ်ဆိုရင်း ခင်မင်ခဲ့ကြတဲ့ လူ ၂ ယောက်အကြောင်းလေးပေါ့... တစ်ယောက်က အချစ်ရှုံးသမားလေး... နောက်တစ်ယောက်ကတော့ ဘဝရှုံးသမားလေးပေါ့... တတိယဇာတ်လမ်းလေးကလည်း...မတည့်အတူနေတဲ့ ကောင်မလေးနှစ်ယောက်.. တစ်ယောက်က အဖြူဆို တစ်ယောက်က အမည်း.. တစ်ယောက်က အချိုဆို တစ်ယောက်က အခါး... ကဲ ဒီနှစ်ယောက်က သူငယ်ချင်းလိုလို သူငယ်ဂျင်းလိုလိုတဲ့...နောက်ဇာတ်လမ်းလေးကတော့...ဘဝနောက်ဆုံးခရီးကို အပန်းဖြေခရီးထွက်ပြီးမှ ရင်ဆိုင်ချင်တဲ့ လူ ၂ ယောက် ကံစပ်ပုံလေးပေါ့...တစ်ယောက်ကလည်း ဘဝမှာ ငွေတွေများပြီး ငွေသာသည်အရာရာဖြစ်နေတဲ့သူ...နောက်တစ်ယောက်ကတော့ ဘဝမှာ မိသားစုနဲ့ ဘဝက အက္ခရာပါဆိုတဲ့သူ...နောက်ဆုံးဧည့်သည်လေးကတော့...ဘဝကြီးမရပ်သရွေ့ အဖေ့ကိုခေါ်ပြီး ကမ္ဘာပတ်ကြည့်ချင်သေးတယ်ဆိုတဲ့ သူမနဲ့ သူမရဲ့ အဖေအကြောင်းပေါ့...ကဲကဲ ဘယ်လိုတွေ စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ အသေးစိတ်မပြောတော့ဘူး...သေချာတာကတော့ Weibo မှာ နာမည်ကြီးခဲ့တဲ့ သူတို့ရဲ့ ဘဝဇာတ်လမ်းအစိတ်အပိုင်းလေးတွေကို ပုံဖော်ရိုက်ကူးထားတာမလို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြတော့နော်...