ဒီကားလေးကတော့ ၁၉၉၀ခုနှစ်လောက်အတွင်း အာဂျင်တီးနားရဲ့ကမ်းရိုးတန်းမြို့လေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားတဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းကိုပြောရရင် - ကလာရာဆိုတဲ့အမျိုးသမီးက အတိတ်က၀မ်းနည်းဖွယ်ကိစ္စတစ်ခုကြောင့် အတိတ်မှာပဲပိတ်နေသူဖြစ်ပြီး တစ်ရက်မှာတော့ မီဂေးဆိုတဲ့အမျိုးသားနဲ့တွေ့ဆုံချစ်ကြိုက်မိပါတယ်။ မီဂေးကတော့ အတိတ်ကနေထွက်ပြေးနေတဲ့သူလို့ဆိုရမှာပါ။ တခြားဇာတ်ကောင်တွေဖြစ်တဲ့ လူး၀စ် ဗီဗီယန်တို့ကလည်း အိမ်တွင်းရေးကိစ္စ မိသားစုပြဿနာတွေကြောင့် လမ်းပျောက်နေတဲ့မိသားစုတစ်ခုပါ။ တစ်ရက်မှာတော့ လူး၀စ်က မီဂေးရဲ့အတိတ်အကြောင်းကိုသိသွားပြီးတဲ့နောက် မီဂေးရဲ့အတိတ်က ကလာရာအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုကရော ရိုးသားရဲ့လားဆိုတာ ကြည့်ရှုရမှာပါ။အနှစ်ချုပ်ပြောရရင် ဒီကားလေးက ပုံမှန်ချစ်ကြိုက်ကွဲညားကားမျိုးမဟုတ်ဘဲ ဘ၀ကြီးရဲ့ သဘောသဘာ၀ လူ့သဘောသဘာ၀ကို အတိတ်တွေ လျို့ဝှက်ချက်တွေနဲ့ တစွန်းတစ ဖြည်းဖြည်းချင်းဖွင့်လှစ်ဟပြတဲ့ ဇာတ်ကားကောင်းလေးပါပဲ။