Come Rain, Come Shine HD

Come Rain, Come Shine

Drama Romance HD 2011-03-03 6.2 105 Min

​ဂျီ​ဆော့ ( Hyun Bin)နဲ့ ယောင်းရှင်း (Im Soo Jung)က လက်ထပ်ထားတာ ၅နှစ်ရှိပြီဖြစ်တဲ့ လင်မယားဆို​ပေမဲ့ ​ယောင်းရှင်းက​တော့ အပြင်မှာ ​အချစ်သစ်​တွေ့​လို့နေပါပြီ။  အဲဒါကြောင့်ပဲ ဂျီ​ဆော့နဲ့ လမ်းခွဲမှာဖြစ်ပြီး အိမ်က​နေ ထွက်သွား​တော့မှာဖြစ်​ကြောင်း ​ပြောပြခဲ့သလို ယောင်းရှင်း ထွက်သွားတဲ့နေ့ရောက်တော့လည်း ဂျီဆော့က တည်တည်ငြိမ်ငြိမ်နဲ့ ယောင်းရှင်းထွက်သွားဖို့အတွက် ကူညီပေးနေခဲ့တာပေါ့။ ဒါပေမဲ့လည်း ဆိုးရွားတဲ့ ရာသီဥတုကြောင့် နောက်ထပ် တစ်ရက် အိမ်မှာ အတူဆက်ရှိဖို့ ဖြစ်လာတဲ့ ဂျီဆော့နဲ့ ယောင်းရှင်း....ချစ်သူနှစ်ဦး မခွဲခွာခင် နောက်ဆုံးအတူတူရှိ​နေတဲ့ တစ်ရက်တာအချိန်အတွင်း ဂျီ​ဆော့နဲ့ ​ယောင်းရှင်းကြားက ခံစားချက် အတက်အကျကို လှလှပပ ရိုက်ကူးပုံ​ဖော်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်။