အသစ်ထွက် တလေဂူး သည်းထိတ်ရင်ဖိုအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆတ်သယမ်က ဒါရိုက်တာဖြစ်လာဖို ကြိုးစားနေတဲ့ လူငယ်လေးတစ်ယောက်။တစ်ည ဘတ်စ်ကားမှတ်တိုင်မှာ မျက်နှာတစ်ခုလုံး ပဝါအုပ်ထားတဲ့အမျိုးသမီးလေးတစ်ယောက်ကအကူအညီတောင်းလို ဆတ်သယမ် လမ်းကြုံလိုက်ပိုပေးခဲ့ရတယ်။မျက်နှာမမြင်ရပေမဲ့ မြင်လိုက်ရတဲ့ မျက်လုံးလေးတွေကိုပဲ စွဲလန်းသွားတဲ့ ဆတ်သယာတစ်ယောက်နောက်နေ့မှာလည်း အဲဒီဘတ်စ်ကားမှတ်တိုင်မှာပဲ သွားစောင့်နေခဲ့မိတာပေါ့။မျှော်လင့်နေတဲ့ အမျိုးသမီးလေးက ပေါ်မလာဘဲ ရဲကားတစ်စီးရောက်လာပြီးစုံစမ်းမေးမြန်းခြင်းခံလိုက်ရတယ်။သူ အမျိုးသမီးလေးကို လမ်းကြုံတင်ခဲ့တဲ့ ဘတ်စ်ကားမှတ်တိုင်နားက ဝင်းတစ်ခုမှာလူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး လိုက်ပိုခဲ့ရတဲ့နေရာနားမှာလည်း လူသတ်မှုဖြစ်သွားခဲ့တာပါ။ စွဲလန်းမိသွားတဲ့ အမျိုးသမီးလေးနဲ့ ဒီလူသတ်မှုတွေ ပတ်သက်နေလားဆိုတာ