She Walks in Darkness ဆိုတဲ့စပိန်ဇာတ်ကားလေးဟာဆိုရင် စပိန်နိုင်ငံရဲတပ်ဖွဲ့ဖြစ်တဲ့ Guardia Civil က အရာရှိမလေး Amaia ရဲ့ ဇာတ်လမ်းကို ပုံဖော်ထားတဲ့ကားလေးဖြစ်ပါတယ်။သူမရဲ့ မစ်ရှင်က ETA လို့ခေါ်တဲ့ ဘက်စ်ခ် အကြမ်းဖက်အဖွဲ့ထဲကို လျှို့ဝှက်အသွင်ယူပြီး ထိုးဖောက်ဝင်ရောက်ဖို့ပါ။ သူက သူတို့ ဖွက်ထားတဲ့ လက်နက်ဂိုဒေါင်တွေ (zulos) ကို ရှာဖွေဖော်ထုတ်ရပါတယ်။Amaia တစ်ယောက် လျှို့ဝှက်အဖွဲ့ထဲမှာ နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ရပါတယ်။ အဲဒီလို နေထိုင်ရတော့ ကိုယ့်ရဲ့ ဘဝအမှန်၊ ရည်ရွယ်ချက်တွေကြားမှာ ခွဲခြားမရတော့တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်းရိုက်ပြထားပါတယ်။ဒါရိုက်တာက Agustín Díaz Yanes ပါ။ သမိုင်းနောက်ခံနဲ့ လူ့စိတ်ခံစားမှုတွေကို ဦးစားပေးပြီး ရိုက်ကူးထားတာမို့ ပေါက်ကွဲသံတွေထက် လူတစ်ဦးရဲ့ ဘဝပျက်စီးသွားပုံကို ငြိမ်ငြိမ်လေးနဲ့ ထိထိမိမိပြသွားတဲ့ ကားကောင်းတစ်ကားပါပဲ။အက်ရှင်ခန်းတွေ၊ သေနတ်ပစ်ခတ်မှုတွေ သိပ်မပါပေမယ့် slow burn အမျိုးအစားကြည့်ရတာကြိုက်တဲ့သူတွေအတွက် Spain ကားကောင်းတစ်ကားပါ။