Memories of the Sword HD

Memories of the Sword

Action Drama History HD 2015-08-13 6.613 120 Min

ဂိုလျော စစ်အုပ်ချုပ်ရေးခေတ်ကာလက ဓားသူရဲကောင်းသုံးဖော်လို့ လူသိများတဲ့ ဖွန်းချွန်း၊ ဆောရန်းနဲ့ ဒေါ့ဂီတို့ သုံးဦးဟာ ပုန်ကန်ထကြွမှုကို ဦးဆောင်ခဲ့ကြပေမဲ့ အာဏာကို မက်မောတဲ့ ဒေါ့ဂီ (Lee Byung-Hun) ရဲ့ သစ္စာဖောက်မှုကြောင့် ပုန်ကန်မှုဟာ မအောင်မြင်ဘဲ ဖွန်းချွန်းတင်မက လူပေါင်းများစွာ သေကျေခဲ့ကြရပါတယ်။၁၈ နှစ်ကြာပြီးနောက်မှာတော့ ဆောရန်း (Jeon Do-Yeon) က မျက်မမြင်တစ်ယောက် ဖြစ်နေပါပြီ။ဆောရန်းက ဖွန်းချွန်းရဲ့သမီး ဟုန်းအီ (Kim Go-Eun) ကို သမီးအရင်းလေးလို ပြုစုပျိုးထောင်ပေးခဲ့ပြီးမိဘတွေကို သတ်သွားတဲ့ ရန်သူနှစ်ဦးကို ပြန်လက်စားချေနိုင်ဖို့ရာအတွက် ဟုန်းအီကို ဓားသိုင်းပညာလည်း လေ့ကျင့်သင်ကြားပေးနေပါတယ်။တစ်ဖက်မှာလည်း ဒေါ့ဂီက ဂိုလျောရဲ့ အကြီးမားဆုံး အာဏာရှင်ကြီး ဖြစ်လို့နေပါပြီ...အဆုံးမှာ ဟုန်းအီရဲ့ကလဲ့စားက အောင်မြင်သွားမလား...ဒေါ့ဂီအပြင် ဟုန်းအီမိဘတွေရဲ့ နောက်ထပ်ရန်သူတစ်ဦးကရော ဘယ်သူဖြစ်နေမလဲဆိုတာကို အလှည့်အပြောင်းများစွာ ပြည့်နှက်နေတဲ့ ဓားသူရဲကောင်းမလေးရဲ့ အမှတ်တရတွေထဲ ဝင်ရောက် စီးမျောကြည့်ရှုလိုက်ကြပါဦးရှင်။