ဒီတစ်ခေါက်မှာတော့ မိသားစုတွေ အတူတူကြည့်ဖိုအတွက် ကြည်နူးစရာ ရုပ်ရှင်လေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မိဘမဲ့ကလေးမလေး စီမုန်းရဲ့ သူ့ဦးလေးဖြစ်သူအတွက် ဘဝအဓိပ္ပါယ်ကို ပြန်ရှာပေးတဲ့ ဇာတ်လမ်းလေးပါပဲ ။ စီမုန်းဆိုတဲ့ ကလေးမလေးဟာ အဘွားဖြစ်သူနဲ့ပဲ အတူနေလာရာကနေ အဘွားပါ ဆုံးပါးသွားတဲ့အခါမှာတော့ ပြဇာတ်ရေးဆရာတစ်ယောက်ဖြစ်တဲ့ ဦးလေး ဖိလစ်ဆီမှာ သောင်တင်ရပါတော့တယ် ။ ဒါပေမဲ့ ဖိလစ်ကလည်း လူကြောက်တတ်တဲ့ ရောဂါရှိတဲ့အပြင် ပြဇာတ်အတွက် ဘာစိတ်ကူး ကောင်းကောင်းမှ ထွက်မလာလို စိတ်ဓာတ်ကျနေရတဲ့သူပါ ။ ဒီလိုမျိုး ဖိလစ်က သူ့အိမ်ပေါ်ကို အရှုပ်ထုပ်လေး ခေါ်မတင်ထားချင်ပေမဲ့ မလွှမရှောင်သာ လက်ခံထားလိုက်ပြီးတဲ့နောက် ဖိလစ်ရဲ့ ပြဇာတ်မှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ ။ အဲဒါ အပြင်ကိုမှ ဖိလစ်ရဲ့ တစ်ခုတည်းသော နာမည်ကျော်လက်ရာ “ အယ်ဗလင်း “ ဆိုတဲ့ သီချင်းကလည်း စီမုန်းရဲ့ အမေ အယ်ဗလင်းကို ရည်ညွှန်းပြီး စပ်ထားတဲ့ သီချင်း ဖြစ်နေတဲ့အခါ အတိတ်တုန်းကရော စီမုန်းရဲ့ အမေနဲ့ ဖိလစ်က ဘယ်လို ဇာတ်လမ်းမျိုးတွေ ရှိခဲ့ကြတာလဲ ။စီမုန်းရဲ့ အမေ အယ်ဗလင်းက ဖိလစ်အတွက် ဂန္တဝင်လက်ရာတစ်ခုကို သယ်ဆောင်လာပေးခဲ့သလိုမျိုး စီမုန်းကရောဘယ်လို ဂန္တဝင်လက်ရာကို သယ်ဆောင်လာပေးဦးမလဲ ။အကျင့်စရိုက်မတူတဲ့ သူတိုတူဝရီးနှစ်ယောက်ရော ဘယ်လို စခန်းသွားကြမလဲဆိုတာကို ကြည်နူးဖွယ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။