Overman HD

Overman

Drama Romance HD 2016-05-05 6.5 102 Min

အထက်တန်းကျောင်းသား ကျွမ်းဘားအားကစားသမား ဒိုဟျွန်းဟာ ရန်ဖြစ်မှုတစ်ခုကြောင့် စာကြည့်တိုက်မှာ လုပ်အားပေးလုပ်ဖို့ အကြောင်းဖန်လာခဲ့ပြီး အဲဒီနေရာမှာပဲ စာအုပ်တွေ အများကြီး ဖတ်တဲ့ ဆူဟျွန်းဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ရေစက်လိုမျိုး တွေ့ဆုံခဲ့ကာလူငယ်ဆန်ဆန် ဇာတ်လမ်းလေးတွေစတင်လာခဲ့ပါတယ်။ဒါပေမဲ့ သူတို့နှစ်ဦးလုံးဟာ ကိုယ်ပိုင် ဝမ်းနည်းမှုများကို ဖုံးကွယ်ထားကြတာပဲဖြစ်ပါတယ်။ ဒိုဟျွန်းရဲ့အမေဟာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူဖြစ်ပြီးတော့ သားဖြစ်သူကိုတောင် မမှတ်မိတော့တဲ့သူပါ။တစ်ဖက်မှာလည်း ဆူဟျွန်းဟာ တကယ့် ဆူဟျွန်း ဟုတ်မနေဘဲနဲ့ နာမည်အရင်းဟာ ဆယ်ယောင်းဖြစ်နေပါတော့တယ်။ ဆယ်ယောင်းဟာ သူမ အရင်းနှီးဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရပြီးတော့ သူမရဲ့ သေဆုံးမှုကို နားလည်နိုင်ဖို့အတွက် စာအုပ်တွေကို ဖတ်နေသူပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက် အချင်းချင်း နားလည်လာတဲ့အချိန်မှာပဲ အခက်အခဲတွေကို ရင်ဆိုင်လာရပါတော့တယ်။ဒိုဟျွန်း တစ်ယောက် ကျွမ်းဘားကို ပြန်ဆော့နိုင်မလား ဆယ်ယောင်းတစ်ယောက်ရော ချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့ ဝမ်းနည်းမှုကို ကျော်လွှားပြီး လက်လွှတ်နိုင်မလား....။ဒီဇာတ်ကားလေးထဲမှာ နာကျင်မှု,ဝမ်းနည်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှုဆိုတဲ့ ခံစားချက်တွေကို ဖော်ပြထားတာမို့လို့ အတူတူကြည့်ရှု့လိုက်ကြရအောင်ပါ။