Breakdown HD

Breakdown

Action Crime Drama Thriller Mystery HD 1997-05-02 6.908 93 Min

Jeff နဲ့ Amy တို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘော့စတန်ကနေ ဆန်ဒီယီဂိုကို လမ်းခရီးထွက်လာကြတယ်။ လမ်းမှာ ကားချို့ယွင်းသွားပြီး အဲ့အချိန်မှာ Amy က ကူညီပေးတဲ့ ထရပ်ကာ ဒရိုက်ဘာ Red (J.T. Walsh သရုပ်ဆောင်) နဲ့ အနီးဆုံး စားသောက်ဆိုင်ကို လိုက်သွားပါတယ်။ Jeff က ကားနဲ့ စောင့်နေရင်း နောက်မှ စားသောက်ဆိုင်ကို ရောက်လာပေမယ့် Amy မရှိတော့ဘူး။ ဒီနေရာကနေ ဇာတ်လမ်းက စပြီး Jeff က သူ့ဇနီးဘယ်ရောက်နေလဲလိုက်ရှာရပါတော့တယ်။ Jeff က ဘယ်သူ့ကိုမှ မယုံနိုင်တော့ဘဲ အန္တရာယ်ရှိတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရပြီး သူ့ဇနီးကို ကယ်တင်ဖို့ ကြိုးစားရပါတယ်။ ဇာတ်လမ်းမှာ လှည့်ကွက်တွေ၊ သွေးထွက်သံယိုပါဝင်ပြီး နောက်ဆုံး အက်ရှင်ကားဆိုတဲ့အတိုင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ကောင်းနေတာပါဗျ။