Between Love and Hate HD

Between Love and Hate

Comedy Romance HD 2006-09-07 4 125 Min

ဒီတစ်ခေါက် မိတ်ဆက်ပေးမဲ့ Rom-Com ဇာတ်ကားလေးကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီးတော့ ဒရာမာပေါင်း၊ မူဗီပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်သားကြီး Kim Seung-Woo နဲ့ မင်းသမီး Jang Jin-Young တို့က အဓိကဇာတ်ဆောင်တွေအနေနဲ့ ပါဝင်သရုပ်ထားကြတဲ့ ကားလေးပဲဖြစ်ပါတယ်။ယောင်းအွန်း(Kim Seung-Woo) ဟာ သူ့မိခင်ရဲ့စားသောက်ဆိုင်မှာ ဝင်ကူလုပ်ပေးနေပြီး စေ့စပ်ထားတဲ့မိန်းကလေးနဲ့ လက်ထပ်ဖို့ထက် အပေါင်းအသင်းများနဲ့သာ အလေလိုက် ပျော်ပါးချင်သူတစ်ဦးပါ။ ဒါ့အပြင် သူဟာ သူမှသူဖြစ်နေတဲ့  ကာရာအိုကေက ကောင်မလေး ယွန်းအာ(Jang Jin-Young) နဲ့လည်း ပက်သက်မိနေပြန်ပါသေးတယ်။ ဘာကိုမှ အလေးအနက်မထားဘဲ ပေါ့ပေါ့ပျက်ပျက်နေတတ်တဲ့ ယောင်းအွန်းနဲ့ လူတွေ ဘဝင်မကျစရာအလုပ်ကို လုပ်ကိုင်နေတဲ့ ယွန်းအာတို့ရဲ့ ဆက်ဆံရေးကို ယောင်းအွန်းတို့အမေ သိသွားပြီး စေ့စပ်ထားတဲ့မိန်းကလေးနဲ့ အလျင်စလို လက်ထပ်ခိုင်းတဲ့အခါမှာ...  ယောင်းအွန်းတစ်ယောက် သံယောဇဉ်တွေ တွယ်ငြိပြီးသား မိန်းကလေးနှစ်ယောက်ကြားက ဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဟာသာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။