Money HD

Money

Crime Drama HD 2019-03-20 6.857 115 Min

အီဟျွန်း(Ryu Jun Yeol) ကတော့ စတော့အကျိုးဆောင်တစ်ယောက်ဖြစ်ပြီး ချမ်းသာဖို့ကို အမြဲအိပ်မက်မက်နေခဲ့သူတစ်ယောက်ပါ။ အဲဒီလိုနဲ့ အီဟျွန်းဟာ စတော့စျေးကွက်လိမ်လည်နေတဲ့ နာမည်ပြောင်အဖြစ် “လက်မှတ်” လို့ လူသိကြတဲ့သူတစ်ယောက်နဲ့ ဆုံဖြစ်သွားပါတယ်။ အဲဒီ “လက်မှတ်” ဆိုသူကတော့ အီဟျွန်းကို စတော့စျေးကွက်မှာ လိမ်လည်ဖို့ ကူညီပေးတာပဲဖြစ်ပါတယ်။အဲဒီအချိန်မှာ ငွေကြေးကြီးကြပ်ရေးဝန်ဆောင်မှုက အမှုစစ်ဟန်ဂျီချောဆိုသူကလည်း “လက်မှတ်” ဆိုသူကို အချိန်အကြာကြီး စုံစမ်းနေခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ဟန်ဂျီချောက အီဟျွန်းကိုပါ သံသယဝင်လာပြီး စတင် လိုက်လံစုံစမ်းပါတော့တယ်…။ အီဟျွန်းရဲ့စတော့စျေးကွက် လိမ်လည်မှုအဆင့်ဆင့်တွေကနေ သူ့အိပ်မက်အတိုင်း သူဌေးကြီးဖြစ်သွားမလား ဘယ်လို ရှုပ်ထွေးမှုတွေရှိဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုကြည့်ပါနော်…။