Inside Furioza FHD

Inside Furioza

Action Crime Thriller FHD 2025-10-14 6.593 166 Min

Gang Fightကောင်းကောင်းတွေနဲ့ ဂိုဏ်းတစ်ခုနဲ့တစ်ခုကြားပွတ်တိုက်မှုတွေအပြင် ဂိုဏ်းလောကသားတွေရဲ့လက်တစ်လုံးခြားသာမက ပြောင်ပြောင်တင်းတင်းပါ ရာဇဝတ်မှုကျူးလွန်ပုံတွေကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ အခုတင်ဆက်ပေးထားတဲ့  Furioza Againဆိုတဲ့ပိုလန်အက်ရှင်ကားလေးကို မဖြစ်မနေကြည့်ဖို့တိုက်တွန်းပါရစေ။  ဒီဇာတ်ကားမှာဘောလုံးပရိတ်သတ်အမည်ခံ ဟူလီဂန်လူမိုက်ဂိုဏ်းတွေရဲ့ ဂိုဏ်းတွင်း/ဂိုဏ်းပြင် အားပြိုင်မှုတွေကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်...ဒီဇာတ်ကားက၂၀၂၁ခုနှစ်ကထွက်ရှိခဲ့တဲ့Furiozaဇာတ်ကားရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်။ ဖူရီယိုဇာဂိုဏ်းခေါင်းဆောင်ဟောင်းကာရှု အလုပ်ကြံခံရပြီးတဲ့နောက်မှာ  ရန်လိုပြီး ရည်မှန်းချက်ကြီးတဲ့ ဂိုဒန်ဟာ ဂိုဏ်းရဲ့ခေါင်းဆောင်နေရာကိုရောက်လာပါတယ်။ သူ့အတွက်တော့ ဖူရီယိုဇာဆိုတဲ့ ဟူလီဂန်ဂိုဏ်းက ရာဇဝတ်မှု အင်ပါယာတစ်ခု တည်ဆောက်ဖို့အတွက် လှေကားထစ်မျှသာဖြစ်ပါတယ်။ဂိုဏ်းခေါင်းဆောင်ဖြစ်လာတဲ့ ဂိုဒန်ဟာ ဖူရီယိုဇာဂိုဏ်းကိုအသုံးပြုပြီး ရာဇဝတ်မှုလှုပ်ရှားမှုများကို  နိုင်ငံနယ်နိမိတ်ကျော်လွန်ပြီး ချဲ့ထွင်ဖို့ပြင်ဆင်ပါတော့တယ်။သူရဲ့ရည်မှန်းချက်တွေ ကြီးမားလာတာနှင့်အမျှ လမ်းမတွေပေါ်မှာ သွေးချောင်းစီး တိုက်ပွဲတွေမူးယစ်ဆေးဝါးကုန်သွယ်မှုတွေနဲ့ အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာပါတော့တယ်။ ဂိုဒန်ရဲ့ မိုက်ရူးရဲဆန်တဲ့ အကြမ်းဖက်ထီးနန်းက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာကို  ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ရုပ်ရှင်ပါပဲ....