စားပွဲတစ်လုံး ခုံနှစ်လုံးမှာ လူနှစ်ယောက်ဟာ သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုကြတယ်…။ ကြည့်ရှုသူတွေက သူတို့ရဲ့ Conversation တွေကနေတစ်ဆင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေ ခံစားချက်တွေကို မြင်ရမှာဖြစ်ပါတယ်…။ ဒါရိုက်တာကတော့ သူ့ရဲ့ ထုံးစံအတိုင်း ဒီလိုပုံစံမျိုးကို စုံတွဲ ၄ တွဲနဲ့ ပြထားခဲ့ပါတယ်…။ အဲဒီတော့ မတူညီတဲ့ ဇာတ်လမ်း ၄ မျိုးကို ကြည့်ရှုသူတွေက စီးမျောခံစားရမှာ ဖြစ်ပါတယ်…။ အဲဒီဇာတ်လမ်း ၄ မျိုးမှာ ပထမတစ်ခုကတော့ နာမည်ကြီးမင်းသမီးနဲ့ သူ့ရည်းစားဟောင်းရဲ့ Conversation, ဒုတိယတစ်ခုကတော့ တစ်ညတာချစ်ကြည်နူးခဲ့ကြတဲ့ စုံတွဲတစ်တွဲရဲ့ Conversation, တတိယတစ်ခုကတော့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်နဲ့ သူ့လက်ထပ်ပွဲမှာ အမေအဖြစ်ဟန်ဆောင်ပေးမယ့် အမျိုးသမီးကြီးတစ်ယောက်ရဲ့ Conversation, နောက်ဆုံးတစ်ခုကတော့ လက်ထပ်တော့မယ့် အမျိုးသမီးတစ်ယောက်နဲ့ ရည်းစားဟောင်းရဲ့ Conversation စတာတွေပဲ ဖြစ်ပါတယ်…။ သူတို့ Conversation တွေကနေတစ်ဆင့် ဘယ်လို ဇာတ်လမ်းမျိုးတွေ ပေါက်ဖွားလာမလဲဆိုတာတော့ ကြည့်ရှုခံစားကြည့်လိုက်ပါနော်…။