Murderer Report HD

Murderer Report

Drama Thriller HD 2025-09-05 6.1 108 Min

သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Baek Seon-Ju (Cho Yeo-Jeong) ကတော့ သတင်းထောက်ပီပီ သတင်းဦး၊ သတင်းထူးတွေနောက်ကို အငမ်းမရလိုက်နေတဲ့ သတင်းသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ သတင်းထောက် Seon- Ju ဆီကို တစ်နေ့ကျတော့ လူ ၁၁ ယောက်ကို သတ်ခဲ့တဲ့ စိတ်ရောဂါကုဆရာဝန် Lee Yeong-Hun (Jung Sung-Il) ဆိုသူက အင်တာဗျူးပေးဖို့ တောင်းဆိုလာပြီး အင်တာဗျူးမဲ့ အကြောင်းအရာကလည်း သူကိုယ်တိုင် သတ်ခဲ့တဲ့ ကွင်းဆက်လူသတ်မှုတွေအကြောင်းကို ထုတ်ဖော်ပြောပြချင်လို့ဆိုတာပါပဲ.... တကယ်လို့ Seon-Ju သာ သူ့ကို အင်တာလာဗျူးပေးမယ်ဆိုရင်  သူ့ရဲ့ နောက်ပစ်မှတ်ကို ကယ်တင်ဖို့ အခွင့်အရေးပေးမယ်လို့လည်း ဆိုလာပါသေးတယ်။ ဒီတော့.... Seon-Ju တစ်ယောက် ဝါရင့်သတင်းသမားပီပီ အန္တရာယ်တွင်းထဲ ခုန်ဆင်းပြီး အင်တာဗျူးမှာလား.... ကွင်းဆက်လူသတ်သမားကရော ဘယ်လိုရည်ရွယ်ချက်တွေနဲ့ Seon-Ju ကိုမှ ဒီအကြောင်းတွေကို  ထုတ်ပြောဖို့လုပ်ရတာလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။