မာတင်ဆိုတဲ့ ဥရောပသားတစ်ယောက်က သူ့မှာ ဇနီးချောချော၊ အိမ်ကောင်းကောင်းတစ်လုံးနဲ့ ပြီးပြည့်စုံတဲ့ ဘဝကိုရထားတယ်။ ဒါပေမဲ့ သူ အသက်၄၀ အရွယ်မှာပဲ ဘဝကို မေးခွန်းထုတ်ပြီး စွန့်စားခန်းထွက်ချင်လာခဲ့တယ်။ အဲဒါကြောင့် သူ့ရဲ့စီးပွားရေးလုပ်ငန်းကို ရောင်းပြီး မြောက်ဝင်ရိုးစွန်းကို ခရီးထွက်မဲ့အဖွဲထဲ လိုက်ပါသွားပါတော့တယ်။ ဒီဇာတ်လမ်းက ဘဝရဲ့အဓိပ္ပါယ်ကို ပြန်မေးခွန်းထုတ်ပြီး ရှာဖွေတဲ့ မာတင်ရဲ့ဇာတ်ကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။