The Challenge HD

The Challenge

Action Drama HD 1982-07-23 5.9 109 Min

ရစ်ခ်မာဖီဆိုတဲ့အမေရိကန်လက်ဝှေ့သမားတစ်ယောက်ဟာ ရိုးရာလူမျိုးတစ်စုရဲ့ တန်ဖိုးကြီးဂျပန်ဆာမူရိုင်းဓားတစ်လက်ကို အမေရိကန်ကနေ ဂျပန်နိုင်ငံအထိ လျှို့ဝှက်သယ်ဆောင်ဖို့ အလုပ်ကိုလက်ခံရရှိခဲ့ပါတယ်။ ဂျပန်ရောက်တဲ့အခါမှာတော့ ရစ်ခ်ဟာ ဓားတစ်စုံကို အကြောင်းပြုပြီး သွေးကြွေးဆပ်ရမယ့် ရန်ငြိုးတွေရှိနေတဲ့ ညီအစ်ကိုနှစ်ယောက်ကြားထဲ ပါဝင်လာရပြီး ပိုက်ဆံရရင်ဘာမဆိုလုပ်မယ့်လက်ဝှေ့တစ်မားတစ်ယောက်ကနေ ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့ သူရဲကောင်းတစ်ယောက်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကတော့အက်ရှင်အတိုက်အခိုက်တွေနဲ့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။ ဒီကားဟာ၁၉၈၀ ခုနှစ်တွေရဲ့ အက်ရှင်ဇာတ်ကားကောင်းတွေနဲ့ ကိုယ်ခံပညာသိုင်းကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။