Get Him Girl! HD

Get Him Girl!

Comedy Romance HD 2021-11-04 6.5 118 Min

ဒီဇာတ်လမ်း‌လေးကတော့ ၂၀၂၁မှာထွက်ရှိထားတဲ့ ဇာတ်လမ်းလေး ဆွမ်ပွိင်ပဲဖြစ်ပါတယ်...ဇာတ်လမ်းလေးအကြောင်းက ဆွမ်ပွိင်ဆိုတဲ့ မိန်းကလေးရဲ့အချစ်ရေးအကြောင်းဖြစ်ပါတယ်...ဆွမ်ပွိင်က လန်းနာရွာရဲ့မြောက်ပိုင်းမှာရှိတဲ့မြိုရွာလေးမှာနေထိုင်ပါတယ်... အဲဒီရွာမှာနေထိုင်တဲ့ အမျိုးသမီးတွေအများစုက ဘန်ကောက်ကလာတဲ့ အမျိုးသားတွေကိုအရမ်းကိုမှသဘောကျကြတယ်...တချို့ဆိုရင် ဘန်ကောက်ယောက်ျားရပြီး သူတို့အမျိုးသားနဲ့နေဖို့ ဘန်ကောက်ထွက်သွားကြတယ်... ထွက်သွားပြီးတစ်နှစ်တစ်ကြိမ်လောက်တော့ ဒီရွာပြန်လာလည်ကြတယ်....ဘယ်ချိန်လာကြလဲဆိုတော့ ခေါင်းဆေးမင်္ဂလာလုပ်တဲ့ချိန်ပေါ့ အဲဒီချိန်ဆိုရင် သက်ကြီးရွယ်အိုကို ကန်တော့ပြီး ဆွေမျိုးတွေလည်း အဲဒီအိမ်မှာပဲစုဝေးကြတာမျိုး...အဲဒီချိန်ကျရင် ဆွေမျိုးတွေက ဘန်ကောက်ကပြန်လာတဲ့ အမျိုးသမီးတွေကို ချီးမွမ်းစကားတွေ ချီးကျူးစကားတွေဆိုကြတာပေါ့..အဲဒါကိုနှစ်တိုင်းလိုလိုကြားနေရတဲ့ဆွမ်ပွိင်တစ်ယောက်တော့ တနေ့မှာတော့ ဘန်ကောက်သားကို လိုချင်ပါလာတော့တယ်အဲဒါနဲ့ပဲ မြောက်ပိုင်းရွာမှာရှိတဲ့ အဘဆရာကို 'ဘန်ကောက်သားနဲ့ဖူးစာပါလား'လို့သွားမေးပါလေရော အဲဒါနဲ့ အဘဆရာက  ရိုးရာဝတ်စုံဝတ်မယ်ဆိုရင်ရနိုင်တယ်ဆိုလို့ဆွမ်ပွိင်တစ်ယောက်ယုံပြီး ရိုးရာဝတ်စုံဝတ်လိုက်တယ် ဒါ‌ပေမဲ့ဘယ်ဘန်ကောက်သားနဲ့မှမတွေ့ခဲ့.... အဲဒီညမှာပဲ ဆွမ်ပွိင်ကအရက်သောက်မူးပြီး ဆိုင်ကယ်စီးပြန်ရင်းဆိုင်ကယ်မှောက်တော့ဘန်ကောက်ကနေ လန်းနာရွာကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ဖို့ကားမောင်း လာတဲ့ ဝဲန်ဆိုတဲ့တစ်ယောက်နဲ့ တွေ့ပါတော့တယ်အဲဒါနဲ့ဆွမ်ပွိင်က အဲဒီဝဲန်ဆိုတဲ့ မြိုသားကို ချစ်မိသွားပါလေရော... ဆွမ်ပွိင်လည်းအဘဆရာဆီက ကောင်းတဲ့အဆောင်တစ်ခုခုများရှိမလားဆိုတာသွားမေးဖို့အဘဆရာဆီနောက်တစ်ခေါက်သွားလိုက်တယ်....အဲဒီမှာပဲ အဘဆရာတို့အဖွဲ့က ရွာသားတွေရဲ့ပိုက်ဆံကိုယူပြီးအရက်သောက်နေကြတာကိုတွေ့တော့တယ်....ပြီးတော့နောက်နေ့မှသက်သေယူဖို့ ဆွမ်ပွိင်ကသူ့သူငယ်ချင်းတွေကို ခေါ်သွားပြီး သက်သေအဖြစ် ‌ဗွီဒီယိုရိုက်လိုက်ပါတော့တယ်....အဲဒီသက်သေဗီဒီယိုကိုယူပြီးရဲတိုင်မယ်ဆိုတာကိုအကြောင်းပြကာ အဘဆရာအဖြစ်အယောင်ဆောင်ထားတဲ့ ဆတ်မ် ဆိုတဲ့တစ်ယောက်ကိုခြိမ်းခြောက်ပြီး ဆွမ်ပွိင်ကဒီရွာကနေထွက်သွားချင်လို့ အဲဒီ မြိုသားဝဲန် နဲ့ ချစ်သူဖြစ်အောင် ကူညီခိုင်းပါတော့တယ်... ဆတ်မ်က ဆွမ်ပွိင်ကို ကူညီပေးရင်း ဆွမ်ပွိင်ကိုချစ်မိသွားပါတော့တယ်..... နောက်ဆုံးမှာတော့ ဆတ်မ်က ဆွမ်ပွိင်ကိုကူညီပေးတာ အောင်မြင်သွားပြီး....ဝဲန်ဆိုတဲ့မြိုသားက ဆွမ်ပွိင်ကိုချစ်မိသွားပါတယ်....ကဲ ဒီဇာတ်လမ်းမှာ ဆွမ်ပွိင်က သူ့ကိုအမြဲကူညီပေးတဲ့ဆတ်မ်ကို ရွေးချယ်မလား ဒါမှမဟုတ် ဝဲန်ဆိုတဲ့မြိုသားကိုပဲ‌ရွေးချယ်မလားဆိုတာ.....ဆက်ကြည့်လိုက်ကြရအောင်ပါနော်................