ဂူရူဆိုတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကိုခဏတိုင်းမက်နေတာပါ။ အိပ်မက်ထဲမှာလည်း အမြဲတမ်း မဟာအံ့ဖွယ်စာအုပ်ကြီးတစ်အုပ်အကြောင်းပါပြီး မြွေနဂါးအကြောင်းကလည်းပါလေ့ရှိတယ်။ ဒီလိုနဲ့ သူ့အိပ်မက်အကြောင်းတိုင်ပင်ဖို့ နတ်ဆရာတစ်ပါးဆီသွားပြီး တိုင်ပင်ကြည့်ရာမှာ အဲဒီအိပ်မက်နဲ့ ဆက်စပ်ပြီး ဇာတ်လမ်းတစ်ခု ဖန်တီးဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ နတ်ဆရာကြီးက တောနက်ထဲကအိမ်တစ်အိမ်မှာသွား ရိုက်ဖို့ကို ညွှန်းကြားလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီတောနက်ထဲကအိမ်အိုကြီးက မြွေနဂါးကြီးရဲ့အိမ်ဖြစ်နေပါတော့တယ်။ဒီလုနဲ့ပဲ ဂူရူနဲ့ သူငယ်ချင်းကြီး ဘူမီတို့ အဲဒီအိမ်အိုကြီးမှာ ဇာတ်လမ်းတစ်ခုကို မြွေနဂါးကြီးနဲ့အတူဘယ်လိုဖြစ်အောင် ဖန်တီးသွားမလဲဆိုတာ ဆက်လက်ရှု့ပေးကြပါဦး။