The Big Combo HD

The Big Combo

Crime Drama HD 1955-02-13 7.043 88 Min

ဒီဇာတ်ကားလေးကတော့ ရှေးခေတ်ဆန်ဆန်လေးနဲ့ စုံထောက်ကားလေးတွေကိုကြိုက်တတ်တဲ့သူတွေအတွက်တော့ အလွန်ကြည့်ကောင်းမဲ့ဇာတ်ကားလေးပါပဲဗျ။စုံထောက်တစ်ယောက်ဟာဘယ်လောက်ပဲ အခက်အခဲပြဿနာကိုရင်ဆိုင်နေရပါစေ သူ့အမှုရဲ့ တရားခံကိုမတွေ့မချင်းကြိုးစားပန်းစားရှာဖွေပြီး လက်မလျှော့တတ်တဲ့ စိတ်ထားတွေကိုရှုစားရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ လီယိုနာ့ဒ်ဒိုင်းမန်းလိုဆိုတဲ့ ရဲမှုးစုံထောက်ဟာ အပြစ်ရှိတယ်လို သူ့စိတ်ထဲခံယူထားတဲ့ ရာဇဝတ်သားလူမိုက်မစ္စတာဘရောင်းဆိုသူကိုအမှုဖွင့်ထောင်ချဖိုကြိုးစားနေပါတယ်။ဒါပေမဲ့ ဘရောင်းဟာ အချိတ်အဆက်ကျယ်ပြန့်ပြီး အရာရာတိုင်းကိုခြေတစ်လှမ်းအရင်ဦးအောင်လျှောက်ထားနိုင်တဲ့အတွက်ဒိုင်းမန်းဟာဖမ်းဆီးဖို အကြပ်ရိုက်နေရပါတော့တယ်။အရှုးမပေးပဲ ဖမ်းဆီးဖိုအတွက်ဆက်ကြိုးစားလိုက်တဲ့အချိန်မှာတော့ ဘရောင်းရဲ့ရည်းစားဖြစ်တဲ့ကောင်မလေး ဆူစန်လိုဝဲလ်ဟာ ဘရောင်းရဲ့လက်ထဲကနေလွတ်မြောက်အောင်ကြိုးစားနေတာကိုဒိုင်းမန်းတွေ့လိုက်ရတယ်။ဒီလိုနဲ့ဒိုင်းမန်းဟာ ဆူစန်ကိုကူညီပေးပြီး အပြန်အလှန် ပြန်ကူညီပေးဖိုတောင်းဆိုခဲ့ပြီး ဘရောင်းကိုဖမ်းဖိုလုပ်ရာမှာတော့ အမှတ်မထင် အယ်လီရှီယာဆိုတဲ့ဘရောင်းရဲ့အတိတ်ကလူတစ်ယောက်နာမည်ကိုသိရှိသွားပြီး ရှာဖွေမှုကိုစတင်ပါတော့တယ်။ဒီလိုရှာဖွေရာကနေ ဘရောင်းလျှိဝှက်ထားတဲ့ အတိတ်ဆိုးကြီးကို ဒိုင်းမန်းနဲ့ဆူစန်တိုဟာဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုတော့......