ခရစ်နဲ့ အလက်ဆာ ဆိုတဲ့ စုံတွဲဟာ မထင်မှတ်ဘဲ ကိုယ်ဝန်ရခဲ့ပြီး အလက်ဆာဟာ သူ့အမေက သူ့ကိုမွေးရင်းဆုံးသွားတာကြောင့် ကိုယ်ဝန်ရတာကိုသိတာနဲ့ဆေးရုံကိုမသွားရဘဲ သူ့အဖေဆီကိုချက်ချင်းလာရမယ်လို့ သူ့အဖေကမှာထားတာကြောင့် ချက်ချင်းပဲသွားခဲ့ရပါတယ်။ လမ်းမှာတင် သူ့ကိုယ်ဝန်က သာမန် သန္ဓေသားမဟုတ်ဘဲ နတ်ဆိုးတစ်ကောင်ဖြစ်တာကို သိသွားပြီးအချိန် မနှောင်းခင် အဲ့ဒီနတ်ဆိုးသန္ဓေသားရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်ဖို့ သူ့အဖေဆီကို အမြန်သွားခဲ့ပါတော့တယ်။ သူ့အဖေဆီရောက်တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ပြီး သူမကိုယ်တိုင်ကရော လူသားစင်စစ်ဟုတ်ရဲ့လား သူ့အဖေကရော သူ့အမေအကြောင်းဘယ်လိုတွေလိမ်ညာပြီးနတ်ဆိုးနဲ့ဘယ်လိုပတ်သတ်နေမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားဟာ ၂၀၂၅ မှထွက်ရှိထားတဲ့underrated ကားတွေထဲက တစ်ခုဖြစ်နေတာမလို့ Horror fanတွေကြည့်ရှူသင့်တဲ့ကားလေးပါ။