Bordertown: The Mural Murders FHD

Bordertown: The Mural Murders

Crime FHD 2021-10-27 6.689 107 Min

တရားမျှတမှုကို ရယူနိုင်ဖို့၊ ကမ္ဘာကြီးကို ပိုနေပျော်တဲ့ နေရာတစ်ခုဖြစ်လာအောင် ဖန်တီးနိုင်ဖို့အတွက် ရာဇဝတ်သားတွေကို ရက်ရက် စက်စက် သတ်ဖြတ်ခြင်းက မှန်ကန်တဲ့လုပ်ရပ်လား ဒါမှမဟုတ် ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်လား။ အမည်မသိ လူတစ်ယောက်ဟာ သူ့ကိုယ်သူ တရားသူကြီးအဖြစ် ကြေညာပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြည်သူလူထုကို မဲဆန္ဒကောက်ခံခဲ့ပါတယ်။ အကြီးလေးဆုံး ပြစ်ဒဏ်ကျူးလွန်ခဲ့သော ရာဇဝတ်သားများကို မဲပေးရွေးချယ်ခိုင်းပြီး ရလာတဲ့ မဲအစဉ်အတိုင်း ထိုရာဇဝတ်သားများကို တရားသူကြီးဖြစ်သူက တစ်ယောက်ချင်း လိုက်လံရှာဖွေ သတ်ဖြတ်ပစ်ပါတယ်။ ထိုသတင်းဟာ တဖြည်းဖြည်းနဲ့ ပြည်သူလူထုကြား နာမည်ကြီးလာပြီး ပြည်သူတွေ ကိုယ်တိုင်က ထောက်ခံအားပေးလာကြတယ်။ ထိုအခါမှ ရဲတပ်ဖွဲ့ဝင်များလည်း အစွန်းရောက် ကွင်းဆက်လူသတ်သမားကို အမိအရဖမ်းနိုင်ဖို့ အပူတပြင်း ကြိုးစားလာကြတယ်ပေါ့။ တဖက်မှာလည်း တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံနေရတာမို့ ကြံရာမရတော့တဲ့ ရဲတပ်ဖွဲ့ဟာ နာမည်ကြီးအငြိမ်းစား စုံထောက်ဖြစ်တဲ့ Kari Sorjonen ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းခံခဲ့ရာက တရားမျှတမှုရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်ဖို့အတွက် နှစ်ဦးနှစ်ဖက် စတင် အားပြိုင်ကြပါတော့တယ်။