Good News HD

Good News

Comedy History Thriller HD 2025-09-05 8.3 136 Min

1970 ခုနှစ်မှာ ခရီးသည်တင်​လေယာဥ်တစ်စီးဟာ တိုကျိုမြို့ ဟာနဲဒါလေဆိပ်က​နေ အီတာဇုကီသို့ ထွက်ခွာပြီး မကြာခင်မှာပဲ ​လက်နက်ကိုင် Red Army ဂိုဏ်းထံ ပြန်​ပေးဆွဲခံလိုက်ရပြီး ပြုံယမ်းအထိ ပျံသန်း​ဖို့ ဖိအားပေးခံခဲ့ရတယ်။ ဒါ​ပေမဲ့ ​မြောက်ကိုရီးယားဘက်က ​လေယာဥ်ဆင်းသက်ဖို့ ခွင့်မပြုတဲ့အတွက် ပြန်​ပေးသမား​တွေရဲ့ အစီအစဥ်က က​မောက်ကမ ဖြစ်ကုန်​တော့တယ်။ အဲဒီအချိန် ဆိုးလ်မှာရှိ​နေတဲ့ သရုပ်မှန်လျှို့ဝှက်ထားတဲ့ ထူးချွန်တဲ့ လုပ်​ဆောင်မှု​တွေ​​ကြောင့် နာမည်​ကျော် 'အညတရ' ဆိုသူကို ခရီးသည်​လေယာဥ်ကို လျှို့ဝှက်ကယ်တင်ဖို့အတွက် ​ခေါ်ယူခဲ့တဲ့အခါမှာတော့...ဒါ့အပြင် ဂျပန်၊ ​တောင်ကိုရီးယားနဲ့ အ​မေရိကန်တို့မှ ​ထောက်လှမ်း​ရေးအဖွဲ့များ စစ်ဆင်​ရေးအဖွဲ့များကို ​စေလွှတ်ပြီး ​​လေယာဥ်ဆီဖြည့်ချိန် ​ပြေးလမ်းပိတ်ဆို့တာ၊ ​ရေဒီယိုအချက်ပြမှု​တွေကို ခိုးယူဖြတ်​တောက်တာစတဲ့ နည်းဗျူဟာများစွာကို အသုံးပြုပြီး ပြန်​ပေးဆွဲ​လေယာဥ်ကို ကယ်တင်ဖို့ ကြိုးစားရပုံ​တွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရ​မှာပဲဖြစ်ပါတယ်။