2005တုန်းကထွက်ရှိထားတဲ့ဒီဇာတ်ကားလေးမှာဆိုရင် ရဲအရာရှိဟောင်းတစ်ဦးနဲ့ရဲအရာရှိလူငယ်တစ်ဦးတို့ရဲ့ အမှောင်(အောက်လမ်း)ပညာတွေနဲ့အပြန်အလှန်တိုက်ခိုက်ကြမှာကိုတွေ့ရမှာပါ။"အစ့်ထိ"ဆိုတဲ့ရဲအရာရှိတစ်ဦးဟာ အမှောင်ပညာရပ်ကိုလိုက်စားတာလွန်းတာကြောင့် သူ့ကိုယ်သူတောင်မထင်မှတ်ဘဲလူသတ်မှုတရာခံဖြစ်သွားပြီးအကျဉ်းထဲ၀င်လိုက်ရပါတယ်။နှစ်အတော်ကြာပြီးနောက်အကျဉ်းထောင်ထဲကနေလွတ်မြောက်အောင် အမှောင်ပညာကိုသုံးပြီးလွတ်မြောက်သွားပါတယ်။တဖက်မှာ "ဆာန်ဒိ"ဆိုတဲ့ရဲအရာရှိလူငယ်လေးဟာ တရားနဲ့အမှန်တရားကိုသာယုံကြည်တဲ့သူဖြစ်ပြီးတော့ တနေ့မှာအကျဉ်းထဲကနေလွတ်ထွက်သွားတဲ့ အကျဉ်းသား"အစ့်ထိ"ကိုဖမ်းဖို့အထက်လူကတာ၀န်ပေးခြင်းခံလိုက်ရပါတယ်။ဆိုတော့ "အစ့်ထိ"ရဲ့စွမ်းအားတွေကိုနိုင်နှင်းဖို့အတွက် သူကိုယ်တိုင်အမှောင်ပညာရှင်ဖြစ်လာဖိုကြိုးစားပါတော့တယ်"ဆာန်ဒိ"ဟာ "အစ့်ထိ"ရဲ့အမှောင်ပညာရပ်ကိုနိုင်နှင်းမလား "အစ့်ထိ"ကို အရှင်နဲ့ဖမ်းလို့ရောရမလား"ဆာန်ဒိ" ကအမှောင်ပညာလောကထဲ၀င်ရောက်ပြီဆိုတော့ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ကြရအောင်နော်.......