Ponyboi HD

Ponyboi

Crime Drama Thriller HD 2025-06-27 8.3 103 Min

(ကိုယ်တီးလုံးခန်းများ၊ ဆေးဝါးသုံးစွဲမှုများ၊ ဆဲဆိုခြင်းများပါသည့်အတွက် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်ကြောင်း ကြိုတင်အသိပေးပါတယ်ခင်ဗျာ။)Intersex ဒွိလိင်တစ်ဦးဖြစ်သူ ပိုနီဘွိုင်းဟာ မိဘများနှင့် ဆက်ဆံရေးမပြေလည်တော့သည့်အတွက် အိမ်ကနေထွက်လာပြီး နယူးဂျာစီမှာ ကိုယ့်ဘဝကိုယ်ကျောင်းရင်းနေထိုင်နေသူတစ်ဦးဖြစ်ပါတယ်။ ဗင်နီ‌လို့ခေါ်တယ့် လူတစ်ယောက်ရဲ့အကူအညီနဲ့ နေစရာရော အလုပ်အကိုင်ပါရရှိခဲ့ပါတယ်။ သို့ပေမယ့်အလုပ်အကိုင်ကကောင်းရောင်းကောင်းဝယ်တော့မဟုတ်ပါဘူး။ နေ့ခင်းဘက်မှာ အဝတ်လျှော်လုပ်ငန်းလုပ်ရပေမယ့် ညခင်းဘက်မှာတော့ ပြည့်တန်ဆာတစ်ဦးအဖြစ်နဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ်များနှင့်ပါ ပတ်သတ်နေသူတစ်ဦးဖြစ်ပါတယ်။ဗင်နီကိုယ်တိုင်က ကိုယ်ဝန်ဆောင်မိန်းမတစ်ဦးရဲ့ခင်ပွန်းဖြစ်ပေမယ့် ပိုနီဘွိုင်းအပါအဝင် မိန်းမတစ်ကာနှင့် ပတ်ရှုပ်နေသူတစ်ဦးဖြစ်ပါတယ်။ ပိုနီဘွိုင်းနဲ့ ဗင်နီရဲ့မိန်းမ အိန်ဂျယ်လ်နဲ့ကအလွန်ခင်မင်ခဲ့ကြပြီး အရင်းအနီးဆုံးသူငယ်ချင်းတွေပါ ဖြစ်လာပါတယ်။ ဒီလိုမျိုး အရှုပ်ထုပ်တွေနဲ့ပြည့်နေတဲ့ ပိုနီဘွိုင်းတစ်ယောက် ကိုယ့်ရဲ့ခန္ဓာကိုယ်ကပါ ဒွိဟဖြစ်နေစေတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်လက်ခံမှုတစ်ခု၊ ယုံကြည်မှုတစ်ခုကို တည်ဆောက်ဖို့အချိန်တစ်ခုကိုရောက်လာခဲ့ပါတယ်။ ကောင်းမွန်သောရောက်လာခြင်းတော့မဟုတ်ပါဘူး။ အပြဲပြဲအကွဲကွဲဖြစ်ရမယ့် အခြေအနေတစ်ခုနဲ့ပါ။ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ပါဦးခင်ဗျာ။ဒီဇာတ်ကားလေးဟာ ၂၀၁၉မှာဒီနာမည်နဲ့ပဲထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတိုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ပိုနီဘွိုင်းသရုပ်ဆောင်သူဟာလည်းကိုယ်တိုင်က intersexသရုပ်ဆောင်နှင့် အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဇာတ်ပို့တစ်ဦးဖြစ်သူ ဗင်နီနေရာမှာ မင်းသားချော Dylan O'Brien က ပါဝင်ပေးထားပါတယ်။ ဒီဇာတ်ကားမှာ intersexတွေရဲ့ဘဝကို ထဲထဲဝင်ဝင်ရိုက်ကူးထားပြီး ratingကောင်းကောင်း criticsကောင်းကောင်း ရရှိထားတဲ့ဇာတ်ကားဖြစ်သည့်အတွက် ကြည့်ရှုလို့ မမှားနိုင်မယ့်ဇာတ်ကားဖြစ်ပါတယ်။