Brazil နိုင်ငံ Marajó Island မှာနေတဲ့ ဆယ့်သုံးနှစ်အရွယ်ကောင်မလေးတစ်ယောက်ရဲ့ ရင်နင့်စရာဘ၀အကြောင်းကို သေချာပုံဖော်ပြထားတဲ့ကားကောင်းလေးတစ်ကားပါ။ လူတွေ လျစ်လျူရှုမိသတိမထားမိတဲ့ လူ့အမှောင်ဘက်ခြမ်းကို ကြက်သီးထဖွယ် မြင်တွေ့ရမှာပါ။ ဇာတ်ကားထဲမှာဆိုရင် Brazil ရဲ့ တောကျလွန်းတဲ့ဒေသမှာနေတဲ့ ကလေးတွေရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘ၀၊ အထူးသဖြင့်မိန်းမငယ်လေးတွေရဲ့ဘ၀ကို မသင့်တော်တဲ့ဇာတ်၀င်ခန်းတွေအများကြီးမပါပဲ လှပစွာ၊ အရုပ်ဆိုးစွာ၊ အကျည်းတန်စွာ၊ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း၊ ဒေသခံတွေရဲ့ရင်ဖွင့်သံတွေနဲ့တကွ သေချာရိုက်ပြထားတဲ့ပညာပေးကားကောင်းတစ်ကားလို့ပဲ ညွှန်းလိုက်ပါတယ်။