ခါဆုဂါဆိုတဲ့ကောင်လေးဟာ တအားကိုမှ ဘရိန်းလယ်ဗယ်မြင့်တဲ့ စာကြီးပေကြီးတွေဖတ်ရင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ စာကြမ်းပိုးလိုလို ဘာလိုလိုကောင်လေးတစ်ယောက်ပါ....အလယ်တန်းအရွယ်ဆိုတာ ဟိုက်ပါကောင်လေးတွေ ခေတ်စားတဲ့အရွယ်ဆိုတော့ ခါဆုဂါကို တိတ်တဆိတ် စိတ်ဝင်စားကြသူတွေ အများသားပေါ့။တစ်နေ့မှာ ခါဆုဂါတစ်ယောက် ဆာအဲခိဆိုတဲ့ ကျောင်းက လူပျိုတိုင်းငေးရတဲ့ အလှပဂေးလေးရဲ့ အားကစားဝတ်စုံကို ခိုးသွားမိရက်သားဖြစ်သွားတာကို နာခါမူရာဆိုတဲ့ ကောင်မလေးက မြင်သွားပါတော့တယ်။ဒီလိုနဲ့ ခါဆုဂါ၊ နာခါမူရာနဲ့ ဆာအဲခိတို့ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကတော့...