Lethal Desire FHD

Lethal Desire

Thriller TV Movie FHD 2025-02-14 5.5 90 Min

ဒီတစ်ခါမှာတော့ 2025 ခုနှစ်ထွက် သည်းထိပ်ရင်ဖို အိမ်ထောင်ရေး ဇာတ်ကားကောင်း တစ်ကားကိုဘာသာပြန်တင်ဆက်ပေးလိုက်ရပါတော့တယ်။  ဇာတ်လမ်းအကျဉ်းကတော့ နွမ်းခြောက်နေတဲ့ အိမ်ထောင်ရေးကို ပြန်လည်အသက်သွင်းဖို ဘေးအိမ်က စုံတွဲနဲ့ ပတ်သက်မိရာကနေ ရှင်းမရတဲ့ အရှုပ်တွေ ဖြစ်လာတဲ့အကြောင်းပါပဲ ။ ဂျူလီယန်နဲ့ အေဗာတို ဇနီးမောင်နှံဟာ အသက်မပါတဲ့ အိမ်ထောင်ရေးဘဝကို ဖြတ်သန်းလာခဲ့ရတာတစ်နှစ်ကျော်လောက် ရှိခဲ့ပြီဖြစ်ပါတယ် ။အဲဒါကြောင့်ပဲ ဂျူလီယန် ရာထူးတိုးသွားတာနဲ့အတူ အပြောင်းအလဲဖြစ်အောင် သီးသန့်ဆိတ်ငြိမ်ရပ်ကွက်တစ်ခုကို ပြောင်းလာရာကနေ သီအို ၊ မက်ကန်ဇီတို ဇနီးမောင်နှံနဲ့ အိမ်နီးချင်းတွေဖြစ်ခဲ့ပါတော့တယ် ။ သူတို အိမ်ထောင်ရေးကို ပြန်လည်ရှင်သန်ချင်တဲ့ အေဗာက မက်ကန်ဇီတိုဆီကနေ အကြံယူရင်းနဲ့ သူတို စုံတွဲ နှစ်တွဲက ပူးပေါင်းမိသွားပါတော့တယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ ဂျူလီယန် နဲ့ မက်ကန်ဇီမရှိတဲ့အချိန်မှာ သီအို ရုတ်တရက်ကြီး ဆုံးသွားခဲ့ပြီး အေဗာက လူသတ်တရားခံအဖြစ် စွပ်စွဲခံလိုက်ရပါတော့တယ် ။အဲဒီအခါ သူတို ဆက်ဆံရေးတွေ ဘယ်လိုပြောင်းလဲလာမလဲ ။အေဗာရဲ့ ခင်ပွန်း ဂျူလီယန်ကရော အေဗာကို ယုံပေးနိုင်ပါ့မလား ။သီအိုကိုရော ဘယ်သူသတ်သွားတာလဲ ။ အဲဒီနောက်ကွယ်မှာ ဘာတွေရှိနေသေးလဲဆိုတာကတော့ lethal desire ဆိုတဲ့ ရုပ်ရှင်မှာ စိတ်ဝင်တစားနဲ့ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ် ။