Brownsville Bred HD

Brownsville Bred

Drama HD 2025-09-19 7.5 95 Min

ဆယ်ကျော်သက်အရွယ်ဖြစ်တဲ့ Elaine ဟာ ရာဇဝတ်မှုနဲ့ ဆင်းရဲမွဲတေမှုကြားမှုကြီးပြင်းလာရတဲ့ လက်တင်မိန်းကလေးတစ်ဦးဖြစ်ပြီး သူ့အဖေကတော့ စပိန် ဆာလ်ဆေးဂီတသမားဖြစ်ပြီးဆေးစွဲနေတာကြောင့် အမေဖြစ်တဲ့ Carmenကြောင့်ပဲ မိသားစုကရပ်တည်နေရပြီး  တစ်ရက်မှာ သူ့အဖေက အဖမ်းခံရပါတော့တယ်။ထောင်မှပြန်လွှတ်လာတဲ့အချိန်မှာ ပွာတိုရီကိုကျွန်းကသူ့အမျိုးတွေဆီမှာပဲ ပြန်လည်လိမ္မာတဲ့အချိန်ထိဆက်နေနေတာကြောင့်  Elaine  သူ့အဖေကိုစိတ်နာနေခဲ့ပြီး အဲ့ဒီအချိန်မှာ Elaineကပြဿနာတစ်ခုရှာမိတာကြောင့် သူ့အဖေဆီကိအပို့ခံလိုက်ရာကနေ အဖေနဲ့သမီးကြားက သံယောဇဥ်တွေပြန်လည်ခိုင်မာလာပြီးသူ့အဖေနဲ့ဆက်နေချင်ပေမယ့်သူမသိသေးတယ့်လျှို့ဝှက်ချက်တစ်ခုကြောင့် နယူးယောက်ခ်ကိုပြန်လာရပြီး လူငယ်ပီပီ စိတ်ထင်ရာလုပ်ဖို့ကြိုးစားရင်းကနေ သူ့အဖေနဲ့အမေရဲ့မေတ္တာကိုဘယ်လို သိရှိလာမလဲဆိုတာကတော့ကြည်ံ့ရှုခံစားလိုက်ပါ။ဒီဇာတ်ကားဟာ လူတိုင်း စိတ်ကူးထင်မြင်နေတဲ့ နယူးယောက်ခ်မဟုတ်ဘဲ ရုန်းကန်နေရတဲ့ မိသားစုတစ်စုအနေနဲ့ ကြုံတွေရတဲ့ အခြေအနေတွေကိုမြင်တွေ့ရမှာဖြစ်ပြီး ဖြစ်ရပ်မှန်လေးမလို့ကြည့်ရှုသင့်တဲ့ကားလေးပါ။