The Man with the Black Umbrella HD

The Man with the Black Umbrella

Horror HD 2025-09-26 4.3 90 Min

Fear Footage ရုပ်ရှင်တွဲများနဲ့ လူသိများတဲ့ ဒါရိုက်တာ Ricky Umberger ကိုယ်တိုင်ရေးသားထားပြီး ရိုက်ကူးထားတဲ့ The Man with the black umbrella ကို ကြယ်ပွင့်သရုပ်ဆောင် CareyBibb၊ Robert Bigley ၊ James Herbert တို့ပါ၀င်ရိုက်ကူးထားကြပါတယ်ဒီကားဟာဆိုရင် လူသတ်မှုစုံစမ်းထောက်လှမ်းတာကို အခြေခံထားပြီး စက်တင်ဘာလ 26 ရက်နေ့ 2025 မှာ VOD နဲ့ Streaming တွေမှာစတင်ပြသခဲ့တဲ့ Horror ကားလေးပဲဖြစ်ပါတယ်၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၃ နာရီ ၃၈ မိနစ်မှာ ထီးအနက် ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးက ၈၁၈ တောင်ထိပ်ကိုဝင်စီးပြီး လူသတ်မှု နှစ်ခုဖြစ်ပွားခဲ့ပါတယ်အသတ်ခံရသူဂျေးလ်ဒေါ့ဆန်ရဲ့ မောင်ဖြစ်တဲ့ ရိုင်ယန်ကသူ့အစ်မအသတ်ခံရတဲ့ အမှုကို အလွတ်စုံထောက် ဂျက်ကိုစုံစမ်းခိုင်းရာကနေ ထိတ်လန့်ဖွယ်ရာအဖြစ်အပျက်ကို သိလာခဲ့ရတယ်အဖေဖြစ်တဲ့ စုံထောက်အပါအ၀င် ၁၃ နှစ်တစ်ကြိမ် လူသေမှုဖြစ်လာရပြီး အစ်မဖြစ်သူ ဂျေးလ်နဲ့ခင်ပွန်းပါ အသတ်ခံရတာကိုသိလာရတယ်လူသတ်သမားကိုစုံစမ်းရင်း လူသတ်သမားကသူတို့နောက်ကိုလိုက်နေတာကို သိလာရတဲ့အခါမှာတော့ ထိတ်လန့်ဖွယ်ရာတွေဖြစ်လာခဲ့တယ်အတူစုံစမ်းပေးနေတဲ့ စုံထောက်ဖြစ်သူ ဂျက်ပျောက်ဆုံးသွားတဲ့အခါမှာ လူသတ်သမားကိုရိုင်ယန်ကိုယ်တိုင် ရှာဖွေနိုင်မလား အမှန်တရားကိုဖော်ထုတ်နိုင်မလားဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့် Horror ကားလေးပဲဖြစ်ပါတယ်