၂၀၂၄ ခုနှစ်မှာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားက ပေါင်းစည်းရေးအတွက် ၅ နှစ်တာ ကြိုတင်ပြင်ဆင်မှုကာလကို ကြေညာလိုက်ပြီးနောက် ပေါင်းစည်းရေးကြောင့် ကိုရီးယားက အာရှမှာ အင်အားကြီးသွားမှာကို မလိုလားတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများက ပေါင်းစည်းရေးကို တားမြစ်ဖို့အတွက် ကိုရီးယားရဲ့ စီးပွားရေးကို ဖျက်ဆီးဖို့ ကြိုးစားပါတော့တယ်။ နိုင်ငံရဲ့ စီးပွားရေး ပျက်စီးလာတာကြောင့်ပဲ မတည်ငြိမ်မှုတွေ ဖြစ်လာပြီး ပေါင်းစည်းရေး အစိုးရကို ဆန့်ကျင်တဲ့ Sect ဆိုတဲ့ အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့ပေါ်ပေါက်လာပါတော့တယ် ။အင်အားကြီးတဲ့ Sect အဖွဲ့ကို သာမန်ရဲတပ်ဖွဲ့ဝင်တွေ နှိမ်နင်းဖို့ မဖြစ်နိုင်တဲ့အတွက် အထူးလေ့ကျင့်ထားကြတဲ့ အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးနောက်မှာ သွေးစွန်းတဲ့သောကြာဆိုတဲ့ အပြစ်မဲ့ကလေးတွေ သေခဲ့ကြတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာပြီးနောက်မှာတော့ အထူးတပ်ဖွဲ့ရဲ့ လျှို့ဝှက်တပ်ဖွဲ့လို့ ကောလာဟလထွက်နေတဲ့ လူသားဝံပုလွေဆိုတဲ့ အဖွဲ့တစ်ခုပါ ထပ်ပေါ်လာခဲ့ပါတော့တယ် ။ဒီလိုနဲ့ပဲ လက်ရှိ ၂၀၂၉ ခုနှစ်ဖြစ်တဲ့ ဖရိုဖရဲဖြစ်နေတဲ့ ခေတ်ကြီးထဲမှာအဖွဲ့အစည်းများစွာရဲ့ အာဏာလုပွဲတွေ စတင်လာခဲ့ပြီးနောက်မှာတော့... ရိုက်ချက်တွေလည်း လှပြီး အက်ရှင်ခန်းတွေပါဝင်တဲ့ စိတ်ကူးယဉ်သိပ္ပံကားကောင်းလေးဖြစ်လို့ ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ် ။