Split FHD

Split

Drama FHD 2016-11-09 6.857 121 Min

တစ်ချိန်က နာမည်ကြီး ဘိုးလင်းကစားသမားဖြစ်ခဲ့တဲ့ ယွန်းချောဂျုံး(Yoo Ji-Tae) ဆိုသူဟာကားမတော်တဆမှုကြောင့် ခြေထောက်ထိခိုက်သွားပြီးနောက်ပိုင်း ကစားသမားအဖြစ်မှ နှုတ်ထွက်လိုက်ပါတယ်။ဒီလိုနဲ့ လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး စွန့်ပစ်ခြံအဟောင်းကြီးမှာ အလုပ်လုပ်ရင်းနဲ့ အကြွေးဗရပွရှိနေတဲ့ ဘိုးလင်းရုံပိုင်ရှင် ဟီဂျင်း(Lee Jung-Hyun)နဲ့ အတူ လောင်းကြေးထပ် ဘိုးလင်းဆော့ကြတဲ့လူတွေနဲ့ လိုက်ချိတ်ဆက် ပြိုင်ကြရင်း ပိုက်ဆံရှာနေခဲ့ပါတယ် ။တစ်နေ့မှာတော့ ချောဂျုံးတစ်ယောက် .. ယောင်းဟွန်း(David Lee)ဆိုတဲ့ ဘိုးလင်းပစ်တာတော်တဲ့ အော်တစ်ဇင်ဖြစ်နေတဲ့ ကလေးကို တွေ့သွားပြီးနောက် နောက်ပြိုင်ပွဲတွေမှာ လောင်းကြေးမရှုံးဖို့အတွက် အတူကစားအောင် ယောင်းဟွန်းကို စည်းရုံးဖို့ ဖြစ်လာခဲ့ပါတယ် ။သိပ်ခက်ခက်ခဲခဲ စည်းရုံးစရာ မလိုဘဲ  ယောင်းဟွန်းက လွယ်လွယ်ကူကူ လက်ခံလိုက်တာကြောင့် အတူပေါင်းပြီး ကစားကြရင်း.. တဖြည်းဖြည်းနဲ့ အန္တရာယ်များတဲ့ကစားပွဲတစ်ခုထဲ ဝင်ရောက်ပြိုင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့ ....ဘိုးလင်းအားကစားအပြင် သူငယ်ချင်းသံယောဇဥ်ကိုပါ တွေ့မြင်ရပြီး ရင်ထဲနွေးထွေးစေမဲ့ ကားကောင်းလေးဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ် ..