Ellige Payana Yavudo Daari HD

Ellige Payana Yavudo Daari

Thriller Mystery HD 2024-10-25 8.3 132 Min

စိတ်ဝင်စားစရာ ကန်နာဒါစကားပြော အိန္ဒိယသည်းထိတ်ရင်ဖိုရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအစ တောင်တွေဝန်းရံနေတဲ့ ဗီရက်ဂျ်ပတ်မြို့လေးက စိတ္တဇဆေးရုံမှာစိတ်ရောဂါသည်တစ်ယောက်က အမျိုးသမီးစိတ်ရောဂါသည်တစ်ယောက်ကိုဖမ်းသွားပြီးရဲတပ်ဖွဲ့က လိုက်ရှာမရတဲ့ထိ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။အဲဒီမြို့မှာပဲ ခေါင်းမပါတဲ့ အမျိုးသမီးအလောင်းနှစ်လောင်းတွေ့ပြီးတဲ့နောက် မြို့ထဲမှာအုတ်အော်သောင်းနင်းဖြစ်လို့နေပါတယ်။ဒီအဖြစ်အပျက်တွေနဲ့အတူ အာမာဆိုတဲ့ ပန်းချီဆရာတစ်ယောက် ဗီရက်ဂျ်ပတ်မြို့ဆီသူ့ရဲ့ ရှေးဟောင်းကွန်တက်ဆာကားကြီးနဲ့ ခရီးနှင်လာနေခဲ့တယ်။တောထဲက ကုန်စုံဆိုင်လေးမှာ ဆိုင်ရှင်အဘိုးကြီးက ဘယ်သူ့ကိုမှတင်ခေါ်မသွားနဲ့မှာလိုက်တဲ့ကြားက လူစိမ်းသုံးယောက်ကို တင်ခေါ်မိခဲ့ရာကနေ အပေါ်ကအဖြစ်အပျက်တွေရဲ့တရားခံက သူတို့လေးယောက်နဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။