အခုတစ်ခါမှာတော့ Just Breatheဆိုတဲ့ Action-Thriller ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းက နစ်ဆိုတဲ့ ဒေါသကြီးတဲ့လူတစ်ယောက် အကြောင်းကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။နစ်ဟာအကြမ်းဖက်မှုတစ်ခုကြောင့် ထောင်ထဲမှာတစ်နှစ်တာဖြတ်သန်းခဲ့ပြီးနောက် သူ့ဘဝကိုအစကနေပြန်စဖို့ကြိုးစားနေတဲ့သူပါ။သူ့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ကတော့ထောင်မကျခင်ကသူ့ရဲ့ချစ်သူဟောင်း မယ်နဲ့ ပြန်လည်ပေါင်းစည်းဖို့ပါပဲ။ အရာရာကိုအားထုတ်ပြီး ချစ်သူဆီ ပြန်လာခဲ့ပေမယ့် မယ်နားကိုကပ်နေတဲ့ ချက်စတာဆိုတဲ့တစ်ယောက်ရှိနေတာကိုတွေ့လိုက်ရတဲ့အခါ သူ့ရဲ့မျှော်လင့်ချက်တွေပျက်သုဉ်းသွားပါတော့တယ်။ပိုဆိုးတာကတော့ အဲဒီချက်စတာဆိုတဲ့သူဟာ နစ်ရဲ့ လွတ်/ငြိမ်းခွင့်ကြီးကြပ်ရေးအရာရှိဖြစ်နေတာပါပဲ။နစ်နဲ့ချက်စတာတို့ရဲ့အားပြိုင်မှုတွေကဘယ်လိုတွေဖြစ်လာမလဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုAction-Thrillerကားပီပီ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်တာကြောင့် ကဲ ကြည့်လိုက်ရအောင်ဗျာ......