Dark Passage HD

Dark Passage

Thriller Mystery HD 1947-09-05 7.278 106 Min

ဘယ်​ခေတ်ကာလမှာပဲဖြစ်ဖြစ် မိန်းမ​တွေရဲ့အချစ်က ​ကြောက်စရာ၊ အံ့အားသင့်စရာမျိုးပဲလား....... ချစ်တယ်ဆိုတဲ့အ​ကြောင်းပြချက်နဲ့ ဘဝတစ်ခုကို ဖျက်ဆီးပစ်နိုင်သလို ချစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပဲ ဘဝတစ်ခုကို ကယ်တင်​ပေးနိုင်ပါတယ်။ဘယ်လိုချစ်​ပေးတဲ့သူနဲ့ ဆုံ​တွေ့မလဲ၊ ဘဝက ​လောင်မီးပဲကျမလား ​မျှော်လင့်ချက်​တွေနဲ့ပဲရှင်သန်မလားဆိုတာက​တော့ ကံ​ပေါ့လေလူ​ကောင်း​တွေလည်း လူ​ပေါင်းမှားတတ်ကြပါတာပဲမဟုတ်လား တခါ​တ​လေကျ ဘဝဆိုတာ အလိုက်သင့်စီး​မြောရင်း မီးစင်ကြည့်ကရင်း အ​ကောင်းဆုံးကို​မျှော်လင့်ရင်း အဆိုးဆုံး​တွေကျော်ဖြတ်ရင်း ဖြတ်သန်းကြရတာပါပဲ။ ဘာပဲဖြစ်ဖြစ် တဖန်သာပြန်လည်စတင်နိုင်မယ် ​ပျော်ရွှင်နိုင်မယ်ဆိုရင် အားလုံးက ကြိုးစားကြည့်ဖို ထိုက်တန်တယ်မဟုတ်လားဇာတ်လမ်းဆီက​နေ ဘာမှ အများကြီးမ​မျှော်လင့်ပါနဲ့ ကြီးကျယ်ခမ်းနားတာ​တွေ ထူးခြားအံ့သြစရာ​တွေ ဘယ်​နေရာမှာမှမပါပါဘူးဒါ​ပေမဲ့ တခါ​လောက်ကြည့်ကြည့်ပါ ဘာကြီးလဲဟဆိုတာက​နေ ကိုယ်တိုင်သတိမထားမိလိုက်ခင်မှာပဲ ပြုံးပြုံးကြီးနဲ့ သ​ဘောကျ​နေတဲ့ဆီကို​ရောက်သွားမှာပါ ရိုးရှင်းလွန်း​လေ လှ​လေဆိုတာကိုလက်ခံထားမိရင် ဒါသင့်အတွက်ဖြစ်မယ်ထင်ပါတယ်။