Only We Know HD

Only We Know

Drama Romance HD 2025-06-11 8 101 Min

Betty (Charo Santos-Concio) ဟာ အငြိမ်းစားယူထားတဲ့ ပါမောက္ခတစ်ဦးဖြစ်ပါတယ်။အမျိူးသားနဲ့ ကွဲထားပြီး အလုပ်လည်း မရှိတော့တဲ့နောက်မှာ ဘဝရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ မရေရာမှုတွေကို ရင်ဆိုင်နေရပါတယ်။ တစ်ချိန်တည်းမှာပဲ အသက် ၄၀ ကျော်အရွယ် အင်ဂျင်နီယာ Ryan (Dingdong Dantes) ကတော့ သူ့ရဲ့ ဇနီးဖြစ်သူ ရုတ်တရက် ဆုံးပါးသွားလို့ ဝမ်းနည်းကြေကွဲနေရသူပဲဖြစ်ပါတယ်။ ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့် သူတို့နှစ်ဦးဟာ မထင်မှတ်ဘဲ ရင်းနှီးမှုတစ်ခုကို တည်ဆောက်မိကြပါတယ်။ သူတို့နှစ်ယောက်ဟာ အထီးကျန်ခြင်း၊ လူမှုအသိုင်းအဝိုင်းရဲ့ ကဲ့ရဲ့ဝေဖန်မှုတွေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်စိတ်ခံစားမှုဆိုင်ရာ ဒဏ်ရာတွေကို အတူတကွ ဖြတ်ကျော်ကြရင်း...သူတို့နှစ်ဦးရဲ့ ရင်းနှီးမှုဟာ ဘဝအတွက် ရေပေါ်မျောနေတဲ့ ဆီလို အပေါ်ယံသက်သက်ပဲလား...ဒါမှမဟုတ် သူတို့ မသိခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာတစ်မျိုးကို ဖော်ထုတ်ပေးမလား...ဒီဇာတ်ကားဟာ မတူညီတဲ့ဘဝအတွေ့အကြုံရှိသူ နှစ်ဦးကြားက မမျှော်လင့်ထားတဲ့ ဆက်ဆံရေးဟာ အချစ်တစ်ခုထက် ပိုမိုနက်ရှိုင်းတဲ့ နားလည်မှုနဲ့ အပြန်အလှန်လိုအပ်ချက်တွေအပေါ်မှာအခြေခံနေတယ် ဆိုတာကို ပြသထားတဲ့ ဇာတ်ကားကောင်းလေးမို့ ခံစားကြည့်လိုက်ပါဦးနော် ..