ဇာတ်လမ်းက ရီနိုမြို့ (Reno) က စုံထောက်ဟောင်း Jerry Black (Jack Nicholson) အကြောင်းပါ။ သူ အငြိမ်းစားယူတဲ့ညမှာပဲ၊ အသက် ၈ နှစ်အရွယ် ကလေးမလေးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ အမှုတစ်ခုပေါ်လာပါတယ်။ Jerry Black ဟာအငြိမ်းစားယူပြီးသားဖြစ်ပေမဲ့၊ သေဆုံးသွားတဲ့ ကလေးမလေးရဲ့ မိခင်ကို တရားခံကို မဖြစ်မနေ ဖော်ထုတ်ပေးမယ်ဆိုပြီး သစ္စာဆို လိုက်ပါတယ်။ရဲတွေကတော့ မသန်စွမ်းသူတစ်ဦးကို ဖမ်းဆီးပြီး အမှုကို အလွယ်တကူ ပိတ်လိုက်ပေမဲ့၊ Jerry ဟာ ဒီလူဟာ တရားခံအစစ်မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ ဒါကြောင့် သူဟာအငြိမ်းစားဘဝကို စွန့်လွှတ်ပြီး၊ ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုတွေကို စတင်ပါတော့တယ်။ အဲဒီအတွက် သူဟာ စုံတွဲလူသတ်သမားကို ထောင်ချောက်ဆင်ဖို့အတွက် လူသတ်မှုတွေဖြစ်ခဲ့တဲ့နေရာတွေကြားက လမ်းဘေး ဓာတ်ဆီဆိုင်ဟောင်းလေးတစ်ခုကို ဝယ်ပြီး နေရာယူလိုက်ပါတယ်။ထိုနေရာမှာ Jerry ဟာ မိခင်တစ်ဦးနဲ့ သူမရဲ့ သမီးငယ်လေး Chrissy နဲ့ ဆုံဆည်းပြီး၊ သူတို့မိသားစုနဲ့ အတူနေထိုင်ရင်း ချစ်ခင်တွယ်တာမှုတွေ စတင်လာပါတယ်။ ဒါပေမဲ့ ကလေးမလေးChrissy ရဲ့ ပုံပန်းသဏ္ဍာန်ဟာ အရင် အသတ်ခံခဲ့ရတဲ့ ကလေးမလေးတွေနဲ့ ဆင်တူနေတဲ့အခါမှာတော့၊ Jerry ဟာ သူ့ရဲ့ စုံထောက်စိတ်နဲ့ ကတိတည်ချင်စိတ်ကြောင့် ဘယ်လို ဆုံးဖြတ်ချက်တွေချသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။